DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၅၈ ဦးကို ထောင်ဒဏ်ချမှတ်အရေးယူ
DVB
·
April 28, 2020
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၅၈ ဦးကို ထောင်ဒဏ်ချမှတ်အရေးယူ
Donate to DVB

COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့် ထွက်ပြီး ၁၀ ရက်အကြာ အမိန့်မလိုက်နာသူပေါင်း ၁၅၈ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးအရေးယူခံထားရသူတွေကတော့ ပုသိမ်ခရိုင်မှာ ၆၄ ဦး၊ ဟင်္သာတခရိုင်မှာ ၄၃ ဦး၊ မအူပင်ခရိုင်မှာ ၅ ဦး၊ ဖျာပုံခရိုင်မှာ ၁၉ ဦး၊ မြောင်းမြခရိုင်မှာ ၁၆ ဦးနဲ့ လပွတ္တာခရိုင်မှာ ၁၃ ဦးတို့ ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။

"ဒေသန္တရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးအရေးယူထားရတာ အားလုံးဆိုရင်တော့ ၁၅၈ ဦး ရှိသွားပါပြီ၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားပါတယ်" လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဧရာဝတီတိုင်းမှာ အမှုဖွင့်အရေးယူထားသူ ဧပြီလ ၂၇ ရက်တရက်တည်းမှာ ၇၁ ဦးရှိပါတယ်။ အမိန့်ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့အမိန့်မလိုက်နာလို့ ဖမ်းဆီးခဲ့သူ ၁၆၀ ဦးထိရှိခဲ့ကာ ၂ ဦးကိုတော့ အသက်မပြည့်လို့ မိဘအုပ်ထိန်းသူတွေထံ ခံဝန်နဲ့ ပြန်အပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းမိခဲ့တဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုခဲ့ပြီး  အလုပ်မဲ့ထောင်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ညမထွက်ရအမိန့်တွေကို တိုင်းနဲ့ ပြည်နယ်တော်တာ်များများမှာ ဧပြီလ ဒုတိယပတ်ကစတင်ကာ အမိန့်တွေထုတ်ပြန်ခဲ့ပြီး ဧရာဝတီတိုင်းမှာတော့ ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ ခုမှာ ည ၁ဝ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဒေသန္တရအမိန့် ၃/၂ဝ၂ဝ နဲ့ ညမထွက်ရအမိန့် ၂ လ တိုးမြှင့်တဲ့ အမိန့်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013