DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံမှ ကိုယ့်အစီအစဉ်ဖြင့်  ပြန်လာသူများကို Facility Quarantine ပြုလုပ်ပေးမည်
DVB
·
April 28, 2020
တရုတ်နိုင်ငံမှ ကိုယ့်အစီအစဉ်ဖြင့်  ပြန်လာသူများကို Facility Quarantine ပြုလုပ်ပေးမည်
1 / 3
Donate to DVB

တရုတ်နိုင်ငံကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်ဝင်လာသူတွေ Quarantine မဝင်ရသေးရင် သက်ဆိုင်ရာမြို့တွေမှာ Facility Quarantine ပြုလုပ်ပေးသွားမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က သိရပါတယ်။ 

မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူတွေ လမ်းခရီးမှာ ထွက်ပြေးတယ်ဆိုတာ မသိရှိရသေးပါဘူး။ တကယ်လို့ အဲဒီလို ဖြစ်ခဲ့မယ်ဆိုရင် မိမိအိမ်ကို ပြန်ရောက်လာတဲ့အချိန် စုံစမ်းဖော်ထုတ်ပြီး မြို့ပေါ် Quarantine စင်တာတွေမှာ Facility Quarantine ၂၁ ရက် ပြုလုပ်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

အရင်ကလည်း တရုတ်နိုင်ငံကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာသူတွေရှိနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က လွယ်ဂျယ်ဘက်ကို ကားစေလွှတ်ကာ ပြန်လာသူ ၁၀၄ ဦးကို သွားရောက်ခေါ်ယူခဲ့ပေမယ့် မေမြို့ဘက်ကနေ သူတို့ရဲ့အစီအစဉ်နဲ့ သူတို့ပြန်ဝင်ရောက်လာ တာရှိတယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးကတော့ မကွေးတိုင်းအတွင်း မြို့နယ် ၅ ခု ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ တဆင့် မိမိအစီစဉ်နဲ့ ပြန်ဝင်လာသူ ၁၂၉ ဦး ရှိနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။ 

ဒါ့အပြင် ပြည်ပကပြန်လာသူတွေအနေနဲ့ မိမိအစီအစဉ်နဲ့ ပြန်လာခြင်းထက် အစိုးရ အစီအစဉ်နဲ့ ပြန်လာကြဖို့လည်း သတင်းစကားပါးထားပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013