DVB Logo
Home
မြန်မာသတင်း
Stay at Home ကာလ အင်းစိန်ထောင်သို့ ဝင်ထွက်ခွင့် မပြုဟု အကျဉ်းဦးစီးဌာနပြော
DVB
·
April 27, 2020
Stay at Home ကာလ အင်းစိန်ထောင်သို့ ဝင်ထွက်ခွင့် မပြုဟု အကျဉ်းဦးစီးဌာနပြော
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးရဲ့ Stay at Home မြို့နယ်တွေထဲမှာ ပါဝင်နေတဲ့ အင်းစိန်မြို့က အင်းစိန်ထောင်မှာ လတ်တလော ထောင်ဝင်စာတွေ့ခွင့်အပါအဝင် ဝင်ထွက်သွားလာခွင့် မပြုသေးဘူးလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က ပြောပါတယ်။

Covid-19 Positive လူနာတွေ တွေ့ရှိထားရတဲ့ အင်းစိန်မြို့နယ်အပါအဝင် မြို့နယ် ၇ မြို့နယ်ကို Stay at Home နေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၈ ရက်က အမိန့်စာထုတ်ပြန်ထားတာပါ။ 

အင်းစိန်ထောင်ကလည်း ဒီဧရိယာအတွင်းမှာ ပါဝင်နေတဲ့အတွက် ထောင်ဝန်ထမ်းတွေအနေနဲ့လည်း အပြင်မထွက်သလို ထောင်ကိုလည်း အပြင်လူလာလို့ မရတာလို့ ဆိုပါတယ်။

"အင်းစိန်မြို့နယ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Stay at Home အရင်တုန်း ကတော့ Lock Down ပေါ့ ဗျာ၊ အဲ့ဒီထဲမှာ ပါနေတဲ့အတွက် ကျနော်တို့ ထောင်က ဝန်ထမ်းတွေ၊ မိသားစုဝင်တွေကလည်း အပြင်ကို မထွက်ပါဘူးဗျ၊အပြင်ကလူတွေကလည်း Stay at Home လုပ်ထားတာဖြစ်တဲ့အတွက် ထောင်ကိုလာလို့ မရပါဘူးဗျ၊ ပိတ်ထားတာတော့ မဟုတ်ပါဘူးဗျ။ ဒါပေမယ့်လည်း တစ်ဖက်က အကျဉ်းသား အကျဉ်းသူတွေက ထောင်ဝင်စာ စာတင်ပြီးပြီ ဆိုရင်တော့ ကျနော်တို့ လက်ခံပေးပါတယ်ဗျ" လို့ ဦးရဲရင့်နိုင်က ပြောပါတယ်။

လတ်တလောအခြေအနေအရ အင်းစိန်ထောင်ကို ထောင်ဝင်စာတွေ့ခွင့်အပါအဝင် အပြင်လူ လာရောက်ခွင့်ကို ခေတ္တဆိုင်းငံ့ထားပေမယ့် Stay at Home အစီအအစဉ် ပြီသွားရင်တော့ ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။ 

အကျည်းထောင်တွေအတွင်း ပုံမှန် ဝင်ထွက် သွားလာခွင့် ပိတ်ပင်ထားတာဟာ အင်းစိန်ထောင်တခုတည်းဖြစ်ပြီး ကျန်အကျဉ်းထောင်တွေမှာတော့ ပုံမှန်အတိုင်းဆောင်ရွက်နေသလို ရောဂါပိုးကာကွယ်ရေးအတွက်လည်း ကြိုတင်ကာကွယ်မှုတွေကို ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက ဆောင်ရွက်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"ဧည့်တွေ့လာမယ်ဆိုရင် ကျနော်တို့ ထောင်ထဲလာမယ်ဆိုရင် ထောင်ရဲ့ ဝင်ပေါက်၊ ထွက်ပေါက်မှာ ကိုယ်ပူချိန် တိုင်းပါတယ်။ ကိုယ်ပူချိန်တိုင်းလို့မှ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁၀၀.၄ ဖာရင်ဟိုက်) ကျော်တယ်ဆိုရင် ကျနော်တို့က တွေ့ခွင့်မပေးပါဘူး။ ပုံမှန်လာတဲ့သူကတော့ အထဲက အကျဥ◌်းသားတစ်ဦးကို မိသားစု တစ်ဦးပဲတွေ့ခွင့်ပေးတယ်။ လက်ဆေးတာတို့၊Mask တပ်တာတို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါတယ်။ အထဲသွားတဲ့ အခါကျရင်လည်း အထဲမှာထောင်ဝင်စာတွေ့ဖို့ စောင့်တဲ့အခါကျရင်လည်း တဦးနဲ့တဦး ၆ ပေအကွာတို့ ဘာတို့၊ ဒါတွေကတော့ အပြင်ကထုတ်ပြန်တဲ့ ညွှန်ကြားချက်အတိုင်းပါပဲ " လို့ ဦးရဲရင့်နိုင်က ပြောပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင် (၅၀)၊ စိုက်မွေးအတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်း ၄၈ ခု တို့မှာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ကိုးသောင်းကိုးထောင်ကျော်ရှိရာမှာ ဧပြီ ၁၇ ရက်က ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ နိုင်ငံသားအကျဉ်းသားအကျဉ်းသူ ၂၄၈၉၆ ဦး၊ နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူ ၈၇ ဦးတို့ကို စည်ကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013