DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းရှိ မြို့နယ် ၂ ခုမှ လေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် 
DVB
·
April 26, 2020
မကွေးတိုင်းရှိ မြို့နယ် ၂ ခုမှ လေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် 
1 / 2
Donate to DVB

မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်ခံခဲ့ရတဲ့ မြို့နယ် ၂ ခုက လေဘေးသင့်သူတွေကို ဧပြီ ၂၆ ရက်မနက်ပိုင်းက ဆန်ရိက္ခာဖိုးနဲ့ အိမ်ဆောက်ပစ္စည်းဖိုးငွေတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာနက သိရပါတယ်။

မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “စလင်းနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ ဧပြီ ၂၅ ရက်က လေပြင်းတိုက်လို့ကျေးရွာ ၆ ရွာမှာ လူဦးရေ ၂၀၀ ကျော် လေဘေးသင့်ခဲ့တာပါ၊ ဆိပ်ဖြူမှာတော့ နွား ၃ ကောင် သေတယ်” လို့  ပြောပါတယ်။

လေပြင်းကြောင့် ပြိုကျခဲ့တဲ့ နေအိမ် ၂ လုံးနဲ့အမိုးလန်အိမ် ၄၃ လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၁၅၅၀,၀၀၀ ကျပ်၊ တပတ်စာ ဆန်ဖိုးငွေ ၄၂၆,၃၀၀ ကျပ် စုစုပေါင်း ၁၉၇၆,၃၀၀ ကျပ် ထောက်ပံ့ပေးခဲ့ပါတယ်။ 

မကွေးတိုင်းအတွင်း ဧပြီ ၉ ရက်ကစတင်ပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြို့နယ် ၁၀ ခုကျော်မှာ အိမ်ခြေ ၅၀၀ ကျော် တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။



မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013