DVB Logo
Home
မြန်မာသတင်း
လူစုလူဝေး မဖြစ်ပေါ်စေရန် ညောင်လေးပင်မြို့တွင် အိမ်တိုင်ရာရောက်စနစ် ဈေးရောင်းချ
DVB
·
April 26, 2020
လူစုလူဝေး မဖြစ်ပေါ်စေရန် ညောင်လေးပင်မြို့တွင် အိမ်တိုင်ရာရောက်စနစ် ဈေးရောင်းချ
1 / 5
Donate to DVB

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ စျေးအတွင်း လူစုလူဝေးတွေ မဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး အိမ်တိုင်ရာရောက်စနစ်နဲ့ အကျိုးအမြတ်မယူဘဲ စျေးလိုက်လံရောင်းချပေးနေတယ်လို့ We Love Nyaung Lay Pin ပရဟိတအဖွဲ့က ပြောပါတယ်။

ပျံကျစျေးအတွင်း လူစုလူဝေးတွေ မဖြစ်ပေါ်စေဖို့၊ ဒေသခံပြည်သူတွေ အိမ်ထဲက အိမ်ပြင် မထွက်စေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပျံကျစျေးက လက်လီစျေးအတိုင်း အကျိုးမြတ်မယူ စျေးမတင်ဘဲ ဧ​ပြီ ၂၂ ရက်နေ့က စတင်ကာ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ကို အလှည့်ကျစနစ်နဲ့ အိမ်တိုင်ရာရောက် အသား ငါး သီးနှံအစုံကို လိုက်လံရောင်းချပေးနေတာပါ။

“ကျနော်တို့မှာက လူအင်အားက သိပ်မရှိဘူး။ ယာဉ် ၂ စီးနဲ့သာ ရောင်းချပေးနေရတော့ တမြို့လုံးကို မခြုံမိဘူးပေါ့။ မြို့နယ်က တာဝန်ရှိသူတွေပါ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ လူစုလူဝေးဖြစ်ပေါ်မှုဟာ ပပျောက်သွားနိုင်တယ်။ အိမ်တိုင်ရာရောက် ဈေးရောင်းချတဲ့အခါ ပိုလျှံလာလို့ အရှုံးပေါ်တဲ့အခါ We Love Nyaung Lay Pin အဖွဲ့သားတွေပဲ မျှခံစိုက်ထုတ်ကျခဲ့တယ်” လို့ ပရဟိတအဖွဲ့က ပြောပါတယ်။

လမ်းရပ်ကွက်အသီးသီးကို လိုက်လံရောင်းချမှုကြောင့် ပျံကျစျေးအတွင်း လူစုလူဝေးဖြစ်ပေါ်မှုဟာ အရင်ကထက် လျော့နည်းသွားတာကြောင့် အိမ်တိုင်ရာရောက် ဈေးရောင်းချတဲ့စနစ်ဟာ အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပြီး မြို့ပေါ်တာဝန်ရှိသူတွေအနေနဲ့ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဒီစနစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။



နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013