DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းက ကိုဗစ်အတည်ပြု လူနာအမှတ် ၁၄၅ အိန္ဒိယက ပြန်ခေါ်လာသူဖြစ်
DVB
·
April 26, 2020
စစ်ကိုင်းက ကိုဗစ်အတည်ပြု လူနာအမှတ် ၁၄၅ အိန္ဒိယက ပြန်ခေါ်လာသူဖြစ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၇ ယောက်မြောက် COVID-19 ကူးစက်ခံရသူ လူနာသစ်အမှတ် ၁၄၅ ဟာ စင်းလုံးငှားလေယာဉ်နဲ့ အိန္ဒိယနိုင်ငံကနေ ပြန်လာသူတွေထဲက ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

“သူက ချောက်မြို့ဇာတိပါ။ စစ်ကိုင်းတိုင်းက မဟုတ်ဘူး။ အိန္ဒိယက ပြန်ခေါ်တဲ့ထဲက တယောက်ပေါ့။ သံဃာ၊ သီလရှင်ထဲက မဟုတ်ပါဘူး။ လူဝတ်ထဲကပါ။ အခုတော့ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကို ရွှေ့နေပါတယ်” လို့ စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

သီတဂူဆရာတော်ရဲ့ အကူအညီနဲ့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကနေ လေယာဉ်စင်းလုံးငှားနဲ့ စာသင်သား ရဟန်းသံဃာ ၂၁၁ ပါး၊ သီလရှင် ၅ ပါးနဲ့ လူပုဂ္ဂိုလ်အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၂၅၇ ဦးတို့ကို ဧပြီလ ၂၂ ရက်နေ့က ပြန်လည်ခေါ်ယူခဲ့တာပါ။ 

ပြန်လည်ရောက်ရှိလာသူတွေကို စစ်ကိုင်းတောင်ရိုး၊ အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာ အကယ်ဒမီကျောင်းမှာ Community Base Facility Quarantine အဖြစ် ၂၁ ရက် ထားရှိနေတာ ဖြစ်ပါတယ်။

အိန္ဒိယ ပြန်လာသူတွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့လည်း သွားရောက် ကြည့်ရှုခဲ့ကြပါသေးတယ်။ 

အစိုးရအဖွဲ့အနေနဲ့တော့ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း Social Distancing နဲ့အညီ သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ Quarantine ဝင်ဖို့၊ မဝင်ဖို့ကိစ္စကို ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

“လောလောဆယ်တော့ သိပ်ပြီးထူးခြားမှု မရှိဘူး။ အရင်နဲ့စာရင်တော့ ဒီမနက်မှာ Mask တပ်သူ ပိုများလာတာ တွေ့ရတယ်။ အရင်ရက်တွေကဆိုရင် Mask က နှာခေါင်း ပါးစပ် မအုပ်ဘူး။ မေးမှာပဲ တပ်ထားတာ။ ပြီးတော့ စစ်ကိုင်းက ကလေးနဲ့ မတူတာက အခုတွေ့တာက မြို့နဲ့ သီးခြားလို ဖြစ်နေတဲ့နေရာပေါ့။ လူတွေက အသွားအလာကတော့ သိပ်မပျက်ကြဘူး။ တွေ့တယ်ဆိုတော့ စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမဲ့ လက်လုပ်လက်စားက များတော့ မဖြစ်မနေ ထွက်ရမယ့်သူတွေက များတော့ ဒီလိုပဲ သွားနေကြရတာပေါ့။ ညွှန်ကြားချက်တွေတော့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမှာပါ”လို့ စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ Facility Quarantine အရေအတွက် ၁၆၃၃ ခု၊ လူဦးရေ ၇၅၀၆ ယောက်ရှိပြီး စောင့်ကြည့်၊ သံသယလူနာ ၅၀ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013