DVB Logo
Home
မြန်မာသတင်း
COVID-19 အတည်ပြုလူနာ ၂ ဦးထပ်တွေ့၊ စုစုပေါင်း ၁၄၆ ဦးရှိပြီ
DVB
·
April 26, 2020
COVID-19 အတည်ပြုလူနာ ၂ ဦးထပ်တွေ့၊ စုစုပေါင်း ၁၄၆ ဦးရှိပြီ
Donate to DVB

COVID-19 အတည်ပြုလူနာ ၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၄၆ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ နဲ့ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နဲ့ ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၅ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲနမူနာ ၃၇၂ ခုအား ၃ သုတ်ခွဲ စစ်ဆေးခဲ့တာဖြစ်ပြီး ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ ၅၄ ခု၊ စုစုပေါင်း ၄၂၆ ဦးအား ၂ သုတ်ခွဲ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

၄၂၄ ဦးမှာ ရောဂါပိုး မတွေ့ရဘဲ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂ ဦးအား သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းကုသမှုပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အတည်ပြု လူနာသစ် အမှတ် ၁၄၅ က စစ်ကိုင်းမြို့နယ်က အသက် ၄၈ နှစ်အရွယ်အမျိုးသားဖြစ်ပြီး လူနာသစ် အမှတ် ၁၄၆ က ကမာရွတ်မြို့နယ်က ၃၂ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၆ ဦး တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။  ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၁၀ ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက လူနာ ၃ ဦးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသပေးနေပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ကျန်းမာရေးဌာနက မနေ့ညနေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013