DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်းရှိ သဘင်ပညာရှင် ၃၄၀၀ ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့
DVB
·
April 25, 2020
မကွေးတိုင်းအတွင်းရှိ သဘင်ပညာရှင် ၃၄၀၀ ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့
Donate to DVB

ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မကွေးတိုင်းအတွင်းရှိ သဘင်ပညာရှင် ၃၄၀၀ ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနေတယ်လို့ မကွေးတိုင်း မြန်မာနိုင်ငံသဘင်အစည်းရုံး ဥက္ကဋ္ဌ ဦးမင်းခန့်ကိုက ပြောပါတယ်။

COVID-19 ရောဂါကြောင့် ပွဲလမ်းသဘင် ရာသီမှာ အလုပ်တွေ ရပ်နားထားရတဲ့အတွက် အောက်ခြေမှာရှိတဲ့ သဘင်ပညာရှင်တွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြတာကြောင့်  မြန်မာနိုင်ငံသဘင်အစည်းရုံးနဲ့ CB ဘဏ် KMA ဖောင်ဒေးရှင်းတို့က ထောက်ပံ့ပေးတာလို့ ဆိုပါတယ်။

ထောက်ပံ့တဲ့နေရာတွေမှာလည်း အောက်ခြေအဆင့်ထိရောက်အောင် မှတ်တမ်းတွေ ထားရှိပြီးတော့ လူစုလူဝေးမဖြစ်အောင်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လှူဒါန်းပေးမှာ ဖြစ်ပါတယ်။ သဘင်ပညာရှင်တဦးကို ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၅၀ သား၊ ဆား ၅၀ သား ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

မကွေးမြို့နယ် သဘင်အစည်းရုံးဥက္ကဋ္ဌ ဦးသန်းဇော်က ဒီကာလကြီးက ဘယ်လောက်ကြာမယ်မှန်း မသိဘဲ အလုပ်တွေရပ်နားထားရပြီး အောက်ခြေသဘင်အဖွဲ့သားတွေအနေနဲ့ တခြားအလုပ်တွေနဲ့ ရပ်တည်ဖို့ အခက်အခဲရှိတယ် လို့ ပြောပါတယ်။

အခုလို ထောက်ပံ့ရေးအစီအစဉ်ကို မြန်မာနိုင်ငံသဘင်အစည်းရုံးက ငွေကျပ် သိန်း ၁၅၀၀၊ CB ဘဏ် KMA ဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း ၁၅၀၀၊ စုစုပေါင်း သိန်း ၃၀၀၀ ကျပ် အကုန်ကျခံပြီး တနိုင်ငံလုံးမှာရှိတဲ သဘင်ပညာရှင် ၂၂၀၀၀ ကျော်ကို အခြေခံ စားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013