DVB Logo
Home
မြန်မာသတင်း
COVID-19 ကာကွယ်နိုင်ရန် ကရင်ပြည်နယ်အတွင်း ပျံကျဈေးအားလုံး ပြောင်းရွှေ့ဖွင့်လှစ်
DVB
·
April 25, 2020
COVID-19 ကာကွယ်နိုင်ရန် ကရင်ပြည်နယ်အတွင်း ပျံကျဈေးအားလုံး ပြောင်းရွှေ့ဖွင့်လှစ်
1 / 3
Donate to DVB

COVID-19 ရောဂါမပျံ့နှံ့စေဖို့၊ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကရင်ပြည်နယ်အတွင်းက ပျံကျဈေးအားလုံးကို သတ်မှတ်နေရာတွေမှာ ပြောင်းရွှေ့ပြီး ဖွင့်လှစ်ရောင်းချဖို့ ညွှန်ကြားထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့မဘောလုံးကွင်းဟောင်း၊ ယာယီဈေးမှာ ဧပြီ ၂၅ ရက် မနက်က ပြောပါတယ်။

ဘားအံမြို့မှာ ယာယီစျေးအဖြစ် မြို့မဘောလုံးကွင်းမြေနေရာ၊ သံလွင်ဘောလုံးကွင်းအရှေ့နဲ့ မဲဘောင်စျေးအနီး မြေကွက်လပ်တွေမှာ စျေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ကို နေရာချထားပြီး ရောင်းချခွင့်ပေးခဲ့တာပါ။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဒါက ကိုဗစ်ဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ Long Time plan ဖြစ်တယ်။ ရေရှည်အတွက် သွားမယ့်ပုံစံဖြစ်တယ် လို့ ဆိုပါတယ်။

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဈေးသည် ဒေါ်ချိုဝေလွင်က စိုးရိမ်မှုတော့ရှိတာပေါ့။ ရောဂါက ​မမြင်ရဘူးလေ။ ကိုယ့်ကို ကူးမှာလည်း ကြောက်တယ်။ ကိုယ်က တနေ့လုပ်မှတနေ့စား ရောင်းမှဖြစ်မှာပေါ့ လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်နေ ဈေးဝယ်သူ ဒေါ်သီတာက အစ်မတို့က ဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ကျန်းမာရေးအတွက် လုပ်ပေးတာဆိုတော့ ပိုပြီးတော့ကောင်းတာပေါ့ လို့ ဆိုပါတယ်။

ဘားအံမြို့မှာ အမှတ် ၁၊ အမှတ် ၂ အဆင့်မြင့်ဈေးကြီး၊ ရဲဘော်ဈေးနဲ့ ဝါဆိုဦးဈေး၊ သံလွင်ဈေး၊ ညစျေးတွေက ပျံကျဈေးသည်တွေကို ရွှေ့ပြောင်းခဲ့သလို ကျန်မြို့နယ်တွေက စျေးတွေကိုလည်း ရွှေ့ပြောင်းဖွင့်လှစ်ခဲ့တာပါ။

ကရင်ပြည်နယ်ရဲ့ မြို့နယ် ၇ မြို့နယ်က ပျံကျစျေးအားလုံး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်စည်းကမ်းအတိုင်း ဆိုင်ခန်း ၁ ခန်းကို ၆ ပေအကွာ နေရာချထားပေးပြီး ရောင်းချခွင့်ပြုထားတာပါ။

မြို့နယ် ၇ မြို့နယ်က ဈေးအားလုံးမှာ လက်ဆေးစင်၊ လက်ဆေးဆပ်ပြာ၊ လက်သန့်စင်ဆေးရည်တွေ ထားရှိပေးထားသလို ကျန်းမာရေးလက်အိတ်၊ Mask တပ် ရောင်းချဖို့နဲ့ ဈေးဝယ်သူတွေကို Mask တပ်ဆင်ပြီးမှ လာရောက်ဖို့ အသိပေးတိုက်တွန်းထားပါတယ်။

လိုက်နာမှုမရှိတဲ့သူတွေကို ငွေဒဏ်အပြင် ဥပေဒအရ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။





ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013