DVB Logo
Home
မြန်မာသတင်း
ဘားအံဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၂ ဦး ရောဂါပိုးမတွေ့
DVB
·
April 25, 2020
ဘားအံဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၂ ဦး ရောဂါပိုးမတွေ့
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၂ ဦးမှာ COVID-19 ရောဂါပိုးမရှိဘူလို့  ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းအထိ COVID-19 စောင့်ကြည့်လူနာ ၁၂ ဦးရဲ့ ဓာတ်ခွဲတွေ့ရှိချက်ကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ဘူးလို့ ဆိုပါတယ်။

စောင့်ကြည့်လူနာ ၁၂ ဦးရဲ့ ဓာတ်ခွဲအဖြေအရ ကျန်းမာရေးကောင်းမွန်သူတွေကို ဆင်းခွင့်ပြုပြီး ရောဂါအလိုက် ဆေးကုသဖို့ လိုအပ်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးထားတယ်လို ​ဆိုပါတယ်။

ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ဘားအံမြို့နယ်တွင်းက လူတွေပဲ။ အဖြေက ညကထွက်တယ်။ အားလုံး Negative ပဲ။ ဆေးရုံက ဆင်းခွင့်ပေးမယ်။ တခြားရောဂါရှိတဲ့သူတွေကိုတော့ ရောဂါလက္ခဏာအလိုက် ဆေးကုသမှုတွေ ဆက်ပေးသွားမယ် လို့ ပြောပါတယ်။

ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းအထိ ဘားအံပြည်သူ့ဆေးရုံကြီးကို COVID-19 ရောဂါစောင့်ကြည့်လူနာ အားလုံး ၅ ဦး ထပ်မံရောက်ရှိလာတဲ့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။

၂၂ ရက် ညက ပြည်နယ်အတွင်းက ဆေးရုံတွေမှာတက်ရောက်နေတဲ့ COVID-19 ကူးစက်ရောဂါစောင့်ကြည့်လူနာနဲ့ စောင့်ကြပ်ကြည့်ရှုစခန်းတွေကလူနာ ၄၃ ဦးလုံးရဲ့ ဓာတ်ခွဲအ‌ဖြေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ မြို့နယ်အလိုက် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်တွေနဲ့ ဒေသန္တရထုတ်ပြန်ချက်တွေကို လိုက်နာဖို့ နေ့စဉ်လှည့်လည် အသိပေးနေတာ​တွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ  ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013