DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် မုန်တိုင်းကြောင့် ရော်ဘာပင်များ ပျက်စီးဆုံးရှုံးသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
April 25, 2020
မိုးညှင်းတွင် မုန်တိုင်းကြောင့် ရော်ဘာပင်များ ပျက်စီးဆုံးရှုံးသဖြင့် တောင်သူများ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှာ ဧပြီ ၂၁ ရက် ညနေ ၇ နာရီလောက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ‌ရော်ဘာပင်တွေ ပျက်စီးဆုံးရှုံးမှုများပြီး ရော်ဘာတောင်သူတွေ အခက်အခဲ ကြုံနေရတယ်လို့ ရော်ဘာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဘောမ်က ပြောပါတယ်။

မမျှော်လင့်ဘဲ မုန်တိုင်းတိုက်လို့ အစေးထွက်ကောင်းတဲ့ အပင်ကြီးတွေ ပျက်စီးခဲ့ပါတယ်။ ၇ နာရီက တိုက်တယ်။ ၇ နာရီ ၄၅ မိနစ်မှာ အိပ်မက်လို ဖြစ်သွားခဲ့တယ်။ ရုတ်တရက်ကြီး အစေးထွက်ကောင်းတဲ့အပင်တွေ အတုံးအရုံး လဲကျခဲ့တော့ ရှင်းလင်းရမှာ လနဲ့ချီ ကြာအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ရော်ဘာခြံတိုင်း လေကြောင်းတိုက်လို့ ပျက်စီးပါတယ်။ လောလောဆယ် COVID-19 ကြောင့်လည်း ရော်ဘာအဝယ် နားထားကြပါတယ်။ အဲ့ဒါကို နိုင်ငံတော်အနေနဲ့ သဘာဝဘေးအန္တရာယ်ကို ကူညီတဲ့အနေနဲ့ အထောက်အပံ့အစီအစဉ်ရှိရင်တော့ ရော်ာဘာတောင်သူတွေကိုယ်စား အတိုင်းထက်အလွန် ဝမ်းမြောက်မိမှာဖြစ်ပါတယ်။

အခုပျက်စီးသွားတဲ့ ရော်ဘာပင်တွေရဲ့ သက်တမ်းဟာ ၂၄ နှစ်ရှိပြီဖြစ်ကာ အစေးထွက်ကောင်းချိန် ဆုံးရှုံးရတာလို့ ရော်ဘာတောင်သူ ဦးတိုက်စိန်က ပြောပါတယ်။

သားစဉ်မြေးဆက်အတွက် ရည်ရွယ်ပြီး လုပ်လာတာ။ မျှော်လင့်ချက်တွေ မရှိတော့ဘူး။ အခုအပင် ၄၀၀ လောက်ပျက်စီးတယ်။

ရော်ဘာပင်သက်တမ်းမှာ နှစ် ၆၀ မှ ၇၀ ခန့် အစေးထုတ်လုပ်လို့ရပြီး ရော်ဘာ ထုတ်လုပ်ဖို့ စက်ရုံမရှိတဲ့အတွက် ထင်းအဖြစ်သာ အသုံးဝင်ပြီး အခြားထုတ်လုပ်မှုလုပ်စရာမရှိဘူးလို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ ရော်ဘာပင်တွေကို ခြံရှင်တွေက လက်ဆွဲ စက်လွှဖြတ်သူတွေကို သုံးပုံ နှစ်ပုံပေးကာ ငှားကြရပြီး ရော်ဘာသားထင်းကို အုတ်ဖုတ်ထင်းအဖြစ် တကား ငွေကျပ် နှစ်သောင်းလောက်ရရှိတယ်လို့ သိရပါတယ်။ 

မိုးညှင်း သာယာကုန်းကျေးရွာက ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌရဲ့ ခြံ ၁၂၈ ဧကက ရော်ဘာပင် ခန့်မှန်း ၄၆၀၀၊ နာယကခြံမှ အပင် ၉၀၀၊ ဦးတိုက်စိန်ခြံက အပင် ၄၀၀ လောက်၊ အခြားရော်ဘာခြံတွေက သုံးပုံတပုံလောက် ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။ 

မိုးညှင်းမြို့နယ်မှာ ရော်ဘာစိုက်ခြံအရေအတွက် ၈၀ လောက်ရှိတယ်လို့ သိရပါတယ်။

မြန်မာ့ရော်ဘာတွေကို အဓိက တရုတ်၊ ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို တင်ပို့နေပေမယ့် အခုအခါ COVID.19 ကပ်ရောဂါကြောင့် ယခင် ရော်ဘာစျေး ၁ ပေါင်ကို ကျပ် ၂၀၀၀ ရှိရာမှ အခုအခါ ၅၀၀ ကျပ်နဲ့တောင် ဝယ်သူမရှိဘူးလို့ သိရပါတယ်။

ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013