DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်တွင် COVID-19 စည်းကမ်းချက်များ လိုက်နာမှု အားနည်း
DVB
·
April 25, 2020
မောင်တောနယ်စပ်တွင် COVID-19 စည်းကမ်းချက်များ လိုက်နာမှု အားနည်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်မှာ COVID-19 ကြိုတင်တားဆီးကာကွယ်ဖို့ နယ်စပ်မှ ခိုးဝင်ဘင်္ဂါလီတွေကို တားဆီးဖို့နဲ့ ဒေသခံတွေ စည်းကမ်းလိုက်နာဖို့ လိုအပ်နေတယ်လို့ COVID-19 ကာကွယ်ရေး လုပ်နေတဲ့ လူမှုအဖွဲ့တွေက ပြောပါတယ်။

ကျနော်တို့ဘက်ကတော့ စဉ်ဆက်မပြတ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်တဲ့ အသိပညာပေး ဟောပြောတာတွေ၊ လက်ကမ်းစာစောင်ကပ်တာတွေ၊ ဘီနိုင်းပိုစတာ တပ်တာတွေ၊ လက်ဆေးနည်း၊ နှခေါင်းစည်းတပ်နည်းတွေကို နေ့တိုင်းလိုလို ပညာပေး လုပ်ဆောင်နေပေမဲ့ မောင်တောမြို့က ပြည်သူတွေရဲ့ ကြိုတင်ကာကွယ်မှုအတွက် စည်းကမ်းလိုက်နာမှုတွေ အားနည်းနေသလို မောင်တောမြို့ကို တဖက်နိုင်ငံက ခိုးဝင်လာတာတွေကို မတားဆီးနိုင်ရင်တော့ ကျနော်တို့ ဘယ်လောက်ပဲ ကြိုးစားပေမဲ့ ရောဂါကူးစက်မှုအတွက် စိုးရိမ်မိတယ် လို့ မောင်တောမြို့ လူမူကူညီရေးအဖွဲ့ ကရုဏာကွန်ရက်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုချစ်ထူးခိုင်က ပြောပါတယ်။

ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ဦးစီးပြီး မောင်တောမြို့နယ်ကြက်ခြေနီအဖွဲ့နဲ့ မောင်တောမြို့ ကရုဏာကွန်ရက်တို့ ပူးပေါင်းကာ COVID-19 ကြိုတင်ကာကွယ်နိုင်ဖို့ မောင်တောမြို့ပေါ်ရှိ လမ်းသွားလမ်းလာတွေကို Mask တွေ အခမဲ့ဖြန့်ဝေတာ၊ လက်ကမ်းစားစောင်တွေ ဖြန့်ဝေတာ၊ နံရံကပ်စာစောင်အသိပညာပေးတာတွေ လုပ်ခဲ့ကြပါတယ်။ 

မောင်တောခရိုင်ဦးစီးမှူး ဦးဇော်ဇော်ဆန်းက မောင်တောနယ်စပ်က စိုးရိမ်စရာပါ၊ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း ကူးစက် သေဆုံးမှုတွေ များလာနေတာတွေကို သတင်းတွေမှာ တွေ့နေရတယ်။ ဒါ ကြောင့် နောက်လည်း စဉ်ဆက်မပြတ် အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ မောင်တောလူထုအနေနဲ့လည်း အသိပညာပေးမှုတွေကို လိုက်နာဖို့ လို့အပ်နေပါသေးတယ် လို့ ပြောပါတယ်။

မောင်တောမြို့ပေါ် ရွှေစားဂုံးနားစျေး၊ မောင်နီကျေးရွာဈေး၊ ရပ်ကွက် ၅ စျေး၊ မြို့မ ကညင်တန်းစျေး စတဲ့ ဈေးတွေမှာလည်း ရောင်းချသူများမှာ စည်းကမ်းမရှိကြတာကြောင့် လုံးဝပိတ်ထားသင့်သလို ခိုးဝင်လာသူတွေကိုလည်း တားဆီးပေးဖို့ လိုအပ်တယ်လို့ ရွာသစ်ဂေ ဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူး ကိုဘာဆပ်က ပြောပါတယ်။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့ စစ်ဆေးချက်အရ လူပေါင်း ၅၀၃ ဦး COVID-19 ကူးစက်ခံခဲ့ရတယ်လို့ Dhaka Tribune မှာ ဖော်ပြထားပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာ သေဆုံး သူ ၁၂၀ ဦးနဲ့ ဧပြီ ၂၄ ရက်နေ့မှာ ၁၂၇ ဦးအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ  ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဧပြီ ၁၃ ရက်နေ့ကစပြီး မောင်တောနယ်စပ်ဂိတ်ပေါက်တွေအားလုံးကို အစိုးရက ပိတ်ထားပေမယ့် နယ်စပ်ဂိတ်ပိတ်တွေကနေ တရားမဝင်ရောက်နေကြဆဲ ဖြစ်သလို ရှည်လျားတဲ့ နယ်စပ်ကို လုံးဝပိတ်ထားဖို့ မလွယ်ဘူးလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013