DVB Logo
Home
မြန်မာသတင်း
Quarantine ဝင် ဝန်ထမ်းများ လိုအပ်ချက်ရှိပါက ကူညီပေးမည်ဟု COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ပြော
DVB
·
April 25, 2020
Quarantine ဝင် ဝန်ထမ်းများ လိုအပ်ချက်ရှိပါက ကူညီပေးမည်ဟု COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ပြော
Donate to DVB

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ ၁ မှာ Quarantine ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ စားသောက်ရေး အခက်အခဲရှိပါက အကူအညီပေးသွားမယ်လို့ COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ (နေပြည်တော်) နာယက ဦးမောင်မောင်ဆွေက ပြောပါတယ်။‌

ထမင်း၊ သောက်ရေ အစရှိတာတွေကို NCVT ဆီ အကူအညီလာတောင်းတဲ့ ဝန်ထမ်းမှန်သမျှကို အကူအညီပေးသွားမှာပါ။ ဝန်ထမ်းတွေကို မေးပါတယ်။ အဆင်ပြေလား၊ အဆင်မပြေဘူး ဆိုရင် ဒီလို ကပ်ရောဂါကြီးဖြစ်နေချိန်မှာ ရှက်စရာမလိုဘူး၊ ပွင့်ပွင့်လင်းလင်း ပြောခိုင်းတယ်။ လိုတဲ့ အကူအညီပေးမယ်။

အကူအညီတောင်းခံသူတွေအနေနဲ့တော့ ဌာန နာမည်၊ Q စဝင်တဲ့နေ့၊ Q ထွက်ရမယ့်ရက်ကို NCVT ရဲ့ ပုံစံဖောင်မှာ ဖြည့်စွက်တောင်းခံနိုင်တယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေကို ကောင်စီအဖွဲ့နဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ အစီအစဉ်တွေနဲ့ စားရေး သောက်ရေး စီစဉ်ထားပေမယ့် တချို့ဝန်ထမ်းတွေမှာ အဆင်မပြေတာတွေ ရှိနေတဲ့အတွက် နေပြည်တော် COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့အနေနဲ့ Quarantine ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေကို  ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဘာလို အဲ့ဒီလို လုပ်ရလဲဆိုတော့ ဌာနဆိုင်ရာအစီအစဉ်နဲ့လာတဲ့ကြားထဲက အဆင်ပြေခြင်း မပြေခြင်း ရှိမယ်။ မပြေတဲ့သူတွေကိုပဲ ရွေးပြီးကူညီချင်လို့ပါ လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

Quarantine ဝင်နေတဲ့ ဝန်ထမ်းတွေထဲက စားရေး သောက်ရေး အခက်အခဲရှိနေသူတွေ အကူအညီတောင်းခံလာရင် NCVT က တနေ့ကို ထမင်း  ၃ နပ်နဲ့ ရေသန့် ၁ လီတာ ၂ ဘူးနှုန်း ကူညီပေးသွားမယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက်နေ့ကစပြီး ဧပြီလ ၂၃ ရက်နေ့အထိ ပြည်တွင်းပြန် ဝန်ထမ်းအရေအတွက်ဟာ ၄၆၀ ဦးရှိပြီး အကူအညီ လိုအပ်တယ်လို့ တောင်းခံလာတဲ့ ဝန်ထမ်းကတော့ အယောက် ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013