DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ပေါင်း ၁၄၄ ဦးအထိရှိလာ 
DVB
·
April 25, 2020
ကချင်ပြည်နယ်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ပေါင်း ၁၄၄ ဦးအထိရှိလာ 
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ COVID-19 ရောဂါကူးစက်ခံရတဲ့ လူနာသစ် တဦးတွေ့ရှိပြီး  မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၁၄၄ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက် ည ၁၁ နာရီမှာ ထုတ်ပြန်ပါတယ်။

အဆိုပါအတည်ပြုလူနာ အမှတ် ၁၄၄ ဟာ မိုးညှင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တာမရှိပေမဲ့  ပြည်ပကိုခရီးသွားခဲ့ဖူးသူဖြစ်ပါတယ်။  

အဆိုပါလူနာကို  မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိစဉ် ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာ  COVID-19 ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ဒီကနေ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နဲ့ ဆေးသုတေသန ဦးစီးဌာန (DMR) တို့က  ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၃၅၀  ခုပြုလုပ်ခဲ့ရာမှာ  ၅  ဦး ရောဂါ တွေ့ရှိရတာဖြစ်ပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ရှိပါဘူး။  

ဒီကနေ့ညအသစ်ထုတ်ပြန်ထားတဲ့ တခြားလူနာသစ် ၄ ဦးကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦး၊ အင်းစိန်မြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးနဲ့  မူဆယ်မြို့နယ်က အသက် ၈၇ နှစ်အရွယ် အမျိုးသမီး တဦးတို့ ဖြစ်ကြပါတယ်။ 

ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ  ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီဖြစ်ပါတယ်။

PHOTO-MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013