
ချောက်မြို့ အမှတ် ၁ အထက်တန်းကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine မှာ ရန်ကုန်က ပြန်လာတဲ့ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဘိုကြီးဟာ ဒီကနေ့ နေ့လည်ပိုင်းက အသွားအလာကန့်သတ် စောင့်ကြည့် Quarantine ဝင်နေတယ်လို့ သိရပါတယ်။
“မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တိုင်းကျော်လို့ရှိရင် Quarantine ဝင်ပါဆိုတဲ့ စာတွေ့လို့ ကျနော်အသိစိတ်ဓာတ်နဲ့ ဒီကနေ့မှာ ကျနော်တို့မြို့နယ်က သတ်မှတ်ထားတဲ့ ကာလအထိ နေသွားမှာ”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ပြောပါတယ်။
လွှတ်တော်အမတ်ဟာ မြောက်ဒဂုံရှိ မိသားစုထံကို သင်္ကြန်ပိတ်ရက် ခေတ္တသွားရောက်နေထိုင်ခဲ့ပြီး ၂၂ ရက်နေ့က ချောက်မြို့ကို ပြန်လည် ရောက်ရှိတာဖြစ်ပြီး ဒီကနေ့ ၂၄ ရက်ကစပြီး Facility Quarantine အဖြစ် ၂၁ နေထိုင်သွားမယ်လို့ သိရပါတယ်။
ချောက်မြို့ အမှတ် ၁၅ နယ်မြေရှိ အထက ၁ ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine စင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၁၀ ဦးရှိတယ်လို့ မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။
သတင်း- ကိုလင်း(ချောက်)











