DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းက COVID-19 လူနာ အမှတ် ၅၃ ကျန်းမာရေးကောင်းမွန်၊ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာပေးပို့ထား
DVB
·
April 24, 2020
မကွေးတိုင်းက COVID-19 လူနာ အမှတ် ၅၃ ကျန်းမာရေးကောင်းမွန်၊ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာပေးပို့ထား
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ Quarantine စင်တာက COVID-19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာ နံပတ် ၅၃ ဟာ ကျန်းမာရေးကောင်းမွန်နေပြီး ဓာတ်ခွဲနမူနာ ထပ်မံပေးပို့ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်။

လူနာကို မကွေးဆေးရုံကြီးမှာ သီးခြားစီစဉ်ထားတဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေပြီး  ကျန်းမာရေးကောင်းမွန်နေတယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

" လူနာအမှတ် ၅၃ ရဲ့ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ရယူကာ ဧပြီလ ၂၃ ရက်နေ့ညကဒုတိယကြိမ်မြောက် ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးနေပါတယ်။ လူနာနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေကို စစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုး တစ်ဦးမှ မတွေ့ရဘူး။ ဒါအပြင် မကွေးတိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ Hospital Quarantine ပြုလုပ်ပေးထားတဲ့ စောင့်ကြည့် လူနာတွေမှာလည်း COVID-19 ရောဂါပိုး မတွေ့ရှိပါဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။

မကွေးတိုင်းကို ပြည်ပနိုင်ငံတွေကနေ လူပေါင်း ၁၄၀၀၀ လောက် ပြည်လည် ဝင်ရောက်လာကာ  Facility Quarantine ပြုလုပ်ပေးထား​ခဲ့ပါတယ်။

လက်ရှိမှာတော့ စောင့်ကြည့်ကာလ ၂၁ ရက်ပြည့်ကာ နေရပ်ပြန်ခွင့်ရပြီဖြစ်လို့ မကွေးမြို့ Quarantine စင်တာတွေမှာ ပြည်ပက ပြန်လာသူတွေ မရှိတော့ဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013