DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာသစ် ၇ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ပေါင်း ၁၃၉ ဦးအထိရှိလာ
DVB
·
April 24, 2020
COVID-19 လူနာသစ် ၇ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ပေါင်း ၁၃၉ ဦးအထိရှိလာ
Donate to DVB

COVID-19 အတည်ပြုလူနာသစ် ၇ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး ဧပြီ ၂၄ ရက် မနက် ၉ နာရီအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရတဲ့ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း  ၁၃၉ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက်သတင်းထုတ်ပြန်ပါတယ်။ 

ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)ရဲ့ ဧပြီ ၂၃ ရက် ညက  စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၆၄ ခုအနက် ၇ ဦးမှာ  COVID-19 ရောဂါပိုးတွေ့ရှိပြီး ကျန် ၅၇ ဦးမှာတော့  ရောဂါပိုး မတွေ့ရှိဘူးလို့ဆိုပါတယ်။

အဆိုပါလူနာသစ်တွေကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းပြီး သီးခြားထားရှိ ကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၃၉  ဦးရှိပြီး  သေဆုံးသူ ၅ ဦးနဲ့  ရောဂါပိုးကင်းစင်လို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၉  ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013