DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင်  ပုဒ်မ ၁၄၄ အမိန့်ချိုးဖောက်သူတဦးကို ထောင်ဒဏ် ၁ လ ချမှတ်
DVB
·
April 23, 2020
လွိုင်ကော်တွင်  ပုဒ်မ ၁၄၄ အမိန့်ချိုးဖောက်သူတဦးကို ထောင်ဒဏ် ၁ လ ချမှတ်
Donate to DVB

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ထားတဲ့ လွိုင်ကော်မြို့မှာ ဥပဒေ ချိုးဖောက်သူတဦးကို မနေ့ညက ဖမ်းဆီးပြီး ဒီကနေ့ အလုပ်မဲ့ ထောင်ဒဏ် ၁ လ ပြစ်ဒဏ် အမိန့် ချမှတ်လိုက်ပါတယ်။

ဧပြီ ၂၂ ရက်နေ့ည ၁၁ နာရီအချိန်ခန့်မှာ လွိုင်ကော်မြို့ မင်းစုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွက် လူငယ်တဦးကို လွိုင်ကော်မြို့၊ မြကလပ်တောင်ခြေမှာ ဆိုင်ကယ်တစ်စီးနဲ့ မသင်္ကာဖွယ်ရာ တွေ့ရှိလို့ လှည့်ကင်းအဖွဲ့က စစ်ဆေးရာမှာ  စစ်ဆေးမှု မခံယူဘဲ ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့အတွက် ရဲတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ 

ဒါ့ကြောင့်သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့အမှုဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ရာမှာ ဒီကနေ့မှာ တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်တာလို့ လွိုင်ကော် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မိုးဦးက ပြောပါတယ်။

“ သူက ပုဒ်မ ၁၄၄ ကို ဖောက်ဖျက်တာ။ သူက ၁၀ နာရီထိုးကျော်ပြီးမှ ဆိုင်ကယ်မောင်းလို့ ရဲတွေကတားတယ်။ တားတော့ သူက မိုင်းလုံးရပ်ကွက်ဘက်ကိုသွားတယ်။ သွားတော့ အုပ်ချုပ်ရေးအဖွဲ့တွေက တားတယ်။ တားတာကိုမှ မနာခံဘူး။ အဲဒါနဲ့ သူ့ကို ဝိုင်းပြီးမှ ဖမ်းပြီးမှ ဒီဟာကို ဖောက်ဖျက်လို့ဆိုပြီးမှ ကျနော်တို့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားရုံးကို ဦးတိုက်လျှောက်တယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေပြီးမှ ဦးတိုက်လျှောက်ပေး လိုက်တာ။ အဲဒါနဲ့ အလုပ်နဲ့ ထောင်ဒဏ်တလ ချလိုက်တယ်။ ”

လွိုင်ကော်မြို့နယ်အပါဝင် ကယားပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်လုံးမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဧပြီလ ၂၁ ရက်နေ့ကစပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ထားတာဖြစ်ပြီး အမိန့်ထုတ်ပြန်ပြီး ၁ ရက်အကြာမှာပဲ အခုလို အရေးယူဆောင်ရွက်မှုတွေ စတင်လာတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013