DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ  ၄ ဦးကို ထောင်ဒဏ် ၁ လ စီချမှတ်
DVB
·
April 23, 2020
လက်ပံတန်းမြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ  ၄ ဦးကို ထောင်ဒဏ် ၁ လ စီချမှတ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်သူ ၄ ဦးကို လက်ပံတန်းမြို့နယ်တရားရုံးက ထောင်ဒဏ် တလစီ ချမှတ်ခဲ့ပါတယ်။

 ပဲခူးတိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ ဧပြီ ၁၈ ရက်က စတင်ကာ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာပါ။

ဧပြီလ ၂၁ ရက်နေ့က စည်းကမ်းဖောက်ဖျက်ကျူးလွန်သူ ၅ ဦးအနက် ၄ ဦးကို လက်ပံတန်းမြို့နယ် တရားရုံးက ရာဇာသတ်ကြီးပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ် တလစီအမိန့်ချမှတ်ခဲ့ပြီး၊ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦးကို မိဘထံသို့ ခံဝန်ချုပ်နဲ့ ပြန်လည်အပ်နှံခဲ့ကြောင်း လက်ပံတန်းမြို့နယ် တရားရုံးက သိရှိရပါတယ်။

လက်ပံတန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးညွန့်က "ကျနော်တို့ တိုင်းအစိုးရရဲ့ ညွှန်ကြား ချက်အရ ဧပြီလ ၁၈ ရက်နေ့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ တာဝန်ရှိအဖွဲ့အစည်းပေါင်းစုံနဲ့အတူ ည ၁၀နာရီ ကနေ စတင်ပြီး အသိပညာပေး ဆောင်ရွက်ခဲ့ပါတယ်။ ဧပြီ ၂၁ ရက်ညကတော့ ဖောက်ဖျက်ကျူးလွန်သူ ၅ ဦးကို တွေ့ရှိရပြီး သူတို့ ၅ ယောက်လုံး ခိုင်လုံတဲ့ အကြောင်းပြချက်မပေးနိုင်တာကြောင့် အရေးယူဆောင်ရွက်ခဲ့ရတာပါ၊ "လို့ ပြောပါတယ်။

ညမထွက်ရအမိန့်ကို ကျူးလွန်သူတွေကတော့ လက်ပံတန်းမြို့နယ်အတွင်းက ၂ ယောက်နဲ့ သုံးဆယ်မြို့က ဆိုင်ကယ်နဲ့ လာသူ ၃ ယောက်ဖြစ်ပါတယ်။ 

ဧပြီ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်မှစပြီး လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ် ဦးစီးမှူး၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းလှည့်လည် စစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013