DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ရန်ကုန်ပြန် မိသားစုကိုထားရှိမည့်နေရာကိစ္စ ကန့်ကွက်ရာက လူစုလူဝေးဖြစ်
DVB
·
April 23, 2020
ပုသိမ်တွင် ရန်ကုန်ပြန် မိသားစုကိုထားရှိမည့်နေရာကိစ္စ ကန့်ကွက်ရာက လူစုလူဝေးဖြစ်
1 / 7
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက်မှာ ဧပြီလ ၂၂ ရက် နေ့လည်ပိုင်းက လှိုင်သာယာကပြန်လာတဲ့ မိသားစုကို quarantine ထားဖို့ နေရာကန့်ကွက်ရာကနေ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။

အမှတ် ၉ ရပ်ကွက်ကို ဧပြီလ ၂၁ ရက်နေ့က လှိုင်သာယာကနေ ပြန်လည်ရောက်ရှိလာတဲ့ မိသားစုဝင် ၆ ဦးကို အမှတ် ၁၀ ရပ်ကွက် တာကိုင်းအခြေခံပညာ အလယ်တန်းကျောင်းမှာ ထားဖို့စီစဉ်တာကို ဒေသခံ ၂၀၀ ကျော်က ကန့်ကွက်ခဲ့ကြတာပါ။

ဒေသခံတွေက သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေကို ကန့်ကွက်ခဲ့သလို ရောဂါရှိသူ မထားရေး ဒို့အရေးဆိုပြီး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။ 

ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက “စိတ်ပူပြီးတော့ အရမ်းလုပ်တဲ့အခါမှာ ခုလို လူစု လူဝေးဖြစ်သွားတာ၊ ရဲအင်အားသုံးပြီး လူတွေကို လူစုခွဲလိုက်ရတယ်။ ပထမညှိမယ်ဆိုတော့ ကျနော် ကိုယ်တိုင် ရှင်းပြပါတယ်။ အဲ့တာကို နားလည်မှုမရှိဘဲ လူစုဝေးတော့ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံးပြီး လူစုခွဲ လိုက်ရတာပါ။ ဆက်ပြီးတော့ ကျူးလွန်ရင်တော့ အရေးယူသွားမှာပါ” လို့ ပြောပါတယ်။

လူစုခွဲပြီး ခဏအကြာမှာတော့ ရဲတပ်ဖွဲ့က ကား ၁ စီး အရေးပေါ်ကား ၃ စီးနဲ့အတူ ရန်ကုန်လှိုင်သာယာက ပြန်လာတဲ့ မိသားစုဝင် ၆ ဦးကို သူတို့နေထိုင်တဲ့ နေအိမ်ကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး ကျောင်းအတွင်းကသတ်မှတ်ထားတဲ့ အဆောင်မှာ နေထိုင်စေဖို့ တာဝန်ရှိသူတွေက စီစဉ်ပေးခဲ့ပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ စည်းစည်းလုံးလုံးလုပ်ဖို့နဲ့ တစ်ယောက် တစ်ခွန်းဖြစ်နေရင် ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရတာလည်း အောင်မြင်မှုရှိမှာမဟုတ်ဘူးလို့ တာဝန်ကျ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမ ဒေါ်နန့်ချိုချိုအေးက ပြောပါတယ်။

“ရန်ကုန်ကပြန်လာတာဆိုတော့ ပေးမလာစေချင်ဘူးပေါ့။ သူတို့ရဲဆန္ဒတွေက၊ ပြန်လာရင် လည်း ရပ်ကွက်အလိုက်ထားပေါ့။ သူတို့က အဲ့လိုဖြစ်စေချင်တာ၊ အားလုံးဒီမှာထားမှာ ၆ ဦးပါ၊ ရောဂါရှိလို့ထားမှာ မဟုတ်ပါဘူး၊ အစိုးရကထုတ်ပြန်ထားတဲ့ မြို့ ၇ မြို့ထဲက ပြန်လာတဲ့သူတွေမလို့ ထားမှာပါ”လို့ ပြောပါတယ်။

လှိုင်သာယာကပြန်လာသူ ၅ ဦးနဲ့ သူတို့နေထိုင်ခဲ့တဲ့ နေအိမ်က ၁ ဦးစုစုပေါင်း ၆ ဦးကို တာဝန်ရှိသူတွေက ၂၁ ရက်စောင့်ကြည့်ဖို့ တာကိုင်းအခြေခံပညာ အလယ်တန်းကျောင်းမှာ နေရာပေးခဲ့ပြီး လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ အခြားအဖွဲ့အစည်းတွေလည်း ထားပေးထားရတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

လှိုင်သာယာက ပြန်လာသူတွေကို တာကိုင်းအလယ်တန်းကျောင်းမှာမထားဖို့အတွက် ဒေသခံတွေက ဧပြီ ၂၁ ရက်နေ့ ညပိုင်းက လှည့်ကင်းထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လမ်းကတားပြီး ကန့်ကွက်တောင်းဆိုတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မတ် ၂၈ ရက်နေ့က ပြည်ပနိုင်ငံတွေကပြန်လာသူတွေကို ထားရှိမယ့်နေရာကို ဒေသခံတွေက သဘောမတူဘဲ ဆန္ဒဖော်ထုတ်ခဲ့လို့ ဦးဆောင်သူ အမျိုးသားတဦး ငြိမ်းစုစီ ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်) ဓာတ်ပုံ - Min Htet Mone / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013