DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး အထည်စက်ရုံ ပိတ်ထားရန် အလုပ်သမားများ တောင်းဆို
DVB
·
April 22, 2020
ဆားလင်းကြီး အထည်စက်ရုံ ပိတ်ထားရန် အလုပ်သမားများ တောင်းဆို
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ စက်မှုဝန်ကြီးဌာနပိုင် အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ အမှတ် ၆ အထည်စက်ရုံ (ဆားလင်းကြီး)ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧပြီ ၂၉ ရက်အထိ ပိတ်ထားဖို့ အလုပ်သမားတွေက ဒုသမ္မတ ဦးမြင့်ဆွေထံ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ ရုံးတွေ ပြန်စဖွင့်တဲ့ ဧပြီ ၂၀ ရက်မှ ဒီနေ့အထိ စက်ရုံကိုပိတ်ထားတာမရှိဘဲ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်နေ့မှာတော့ တိုင်းအဆင့်ကနေ စစ်ဆေးရေး အဖွဲ့လာရောက်စစ်ဆေးနေပြီး စက်ရုံ ပိတ်၊ မပိတ် ဆုံးဖြတ်ချက်တော့ မသိရသေးဘူးလို့ အထည်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း အမှုဆောင်နာယက ဦးစောဝေထွန်းက ပြောပါတယ်။

“ကိုဗစ်ကာကွယ်ရေး Social Distancing က အခက်အခဲ ဖြစ်နေတယ်။ အခုဆို စစ်ကိုင်းတိုင်းကလည်း ရောဂါပိုးတွေ့ရှိသူက ဒုတိယအများဆုံး ဖြစ်လာနေတယ်။ ပြီးတော့ စက်ရုံကလည်း အရှုံးပေါ်နေတဲ့ စက်ရုံလည်း ဖြစ်တယ်။ မဖြစ်မနေ လည်ပတ်နေရမယ့် စက်ရုံလည်း မဟုတ်ဘူး။ နဂိုကတည်းက အရှုံးပေါ်နေတဲ့ စက်ရုံဖြစ်တော့ ယာယီပိတ်ထားလိုက်တာကြောင့်လည်း အကျိုးမယုတ်ပါဘူး”

အဆိုပါစက်ရုံမှာ နေ့စဉ်အလုပ်သမားက ၁၆၀၀ လောက် လုပ်ကိုင်နေတာဖြစ်ပြီး  လက်ရှိမှာ ၅၀ ရာခိုင်နှုန်း လျှော့ချထားကာ ၈၀၀ လောက်စီနဲ့ နှစ်ဆိုင်းခွဲပြီး လုပ်ငန်းလည်ပတ်နေတယ်။

အလုပ်သမားတွေအလုပ်သွား၊ အလုပ်ပြန်တဲ့အခါ  ဆိုင်ကယ်၊ စက်ဘီးနဲ့လာသူတွေရှိသလို  ၂၀၀ ကျော်လောက်ကတော့ စက်ရုံက  ဖယ်ရီကား  ၇ စီးနဲ့ အကြိုအပို့လုပ်ပေးနေတယ်လို့ သိရပါတယ်။

COVID-19 ကပ်ဘေးကာလ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမားကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီနေ့မနက် အွန်လိုင်းဆွေးနွေးပွဲမှာ စည်းကမ်းမလိုက်နာဘဲ မပိတ်တဲ့ စက်ရုံတွေကို ချက်ချင်းစုံစမ်း အရေးယူသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်ကနေပြီးတော့ ညွှန်ကြားချက်ထုတ်တယ်ဆိုတာ အပျော်ထုတ်တာလည်း မဟုတ်ဘူး။ ဘယ်စက်ရုံ ပိတ်စေချင်မလဲ။ ပိတ်တယ်ဆိုတာ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်။ နောက်ပြီးတော့ အလုပ်သမားတွေအတွက်လည်း ပူပန်ရတယ်။ အခုအားလုံးသိတဲ့ အတိုင်းပဲ စင်ကာပူမှာ အလုပ်သမားတွေကနေ ကူးသွားတာပေါ့နော်။ ဘယ်လောက် ကျယ်ပြန့်လဲ၊ မထင်မှတ်တဲ့အဆင့်ထိ ရောက်သွားတယ်ဆိုတာ မြင်နေရတာပဲ။ ဒါကြောင့်မို့ ကျမတို့ လုပ်သမားတွေ ကျန်းမာရေးအတွက်ကော၊ အလုပ်သမားတွေနဲ့ ထိတွေ့မှုရှိတဲ့ ကျန်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်ကော စဉ်းစားရတာပါ။ အဲဒီတော့ စည်းမျဉ်းစည်းကမ်း မလိုက်နာဘူးဆိုရင် ဒီကိစ္စကို ချက်ချင်းစုံစမ်းပြီးတော့ စည်းမျဉ်းစည်းကမ်းဥပဒေအရ ဆောင်ရွက်သွားပါမယ်” 

ဆားလင်းကြီးမြို့က အမှတ် ၆ အထည်စက်ရုံနဲ့ပတ်သက်ပြီး စက်ရုံမှူးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ လက်ရှိမှာ စက်ရုံပိတ်ဖို့ သင့်၊ မသင့်ကို စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အထည်စက်ရုံမှာ အပြင်ဆိုဒ်၊ စတို၊ လျှပ်စစ်၊ ရေ၊ ဝပ်ရှော့၊ ကုန်ထုတ်လုပ်တဲ့ခန်းမ စသဖြင့် အလုပ်ဌာနတွေ ၁၀ ခုထက်မနည်းရှိပါတယ်။

ဒီစက်ရုံက အရှုံးပေါ်နေတဲ့ စက်ရုံဖြစ်လို့ ပုဂ္ဂလိကလွှဲပြောင်းရေး၊ သို့မဟုတ် ရပ်ဆိုင်းရေးအတွက် တိုင်းဒေသကြီးလွှတ်တော်မှာလည်း ဆွေးနွေးမေးမြန်းတာ ၂ ခါရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013