DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၅ ဦးကို ထောင်ဒဏ် တလစီ အမိန့်ချ
DVB
·
April 22, 2020
ဟင်္သာတမြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၅ ဦးကို ထောင်ဒဏ် တလစီ အမိန့်ချ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှာ ညမထွက်ရ အမိန့်ချိုးဖောက်သူ ၁၅ ယောက်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် တလစီ ချမှတ်လိုက်ပါတယ်။

တလုတ္ထော်နယ်မြေရဲစခန်းအပိုင်မှာ ညမထွက်ရအမိန့်ကို မလိုက်နာတဲ့လူ ၁၅ ယောက်ကို ဧပြီ ၂၀ ရက်ညက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဧပြီ ၂၁ ရက်နေ့မှာ ဟင်္သာတမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

တလုတ္ထော်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ကျော်မင်းသူက “သူတို့တွေက ရန်ကုန်၊ ဟင်္သာတ၊ မြန်အောင်ဘက်ကနေ လာကြတာ။ ကာဖျူးအမိန့်ထုတ်ထားတာကို သူတို့က သိလျက်နဲ့ ည ၁၀ နာရီ ကျော်ဖြတ်တော့ ဖမ်းဆီးထားရတာပါ။ ဒီနေ့ ဧပြီ ၂၁ ရက်မှာ သူတို့ ၁၅ ဦးလုံးကို ဟင်္သာတမြို့နယ် တရားရုံးက အမိန့်ချလိုက်ပါပြီ။ ခုကိစ္စ ကျနော်တို့တွေက COVID 19 အရေးပေါ်အခြေအနေအတွင်းမှာ ၂၄ နာရီ စုပေါင်းစစ်ဆေးနေတာ အမိန့်ကို မလိုက်နာရင်တော့ ဖမ်းဆီးအရေးယူတာခံရမှာပဲ။ ကျနော်တို့က ဒီအချိန်မှာ မဖမ်းချင်ဘူး။ ဒါပေမဲ့ အမိန့်အရတော့ဖမ်းဆီးရမှာပဲ” လို့ ပြောပါတယ်။

COVID-19 ရောဂါတားဆီးကာကွယ်ရေးအတွက် ဟင်္သာတခရိုင်ထဲက နယ်မြေခံစခန်းတွေရဲ့ နယ်မြေတွေ၊ ကျေးရွာတွေမှာ ပြည်သူလူထုတွေနဲ့ ပရိတအဖွဲ့တွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ စုပေါင်းစစ်ဆေး လုပ်ဆောင်နေကြတာပါ။

ဧပြီ ၁၈ ရက်နေ့ကလည်း ပြည်မြို့မှာ ညမထွက်ရအမိန့် မလိုက်နာသူ ၂၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး အပြစ်ဝန်ခံခဲ့လို့ ပြည်မြို့နယ်တရားရုံးက ပထမအကြိမ်အနေနဲ့ ဒဏ်ငွေ ကျပ် ၁၀၀၀ စီ ချမှတ်ခဲ့ပါတယ်။

သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013