DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးဒေသတွင် ငလျင်များ ရက်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ် 
DVB
·
April 22, 2020
ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးဒေသတွင် ငလျင်များ ရက်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ် 
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နားမှာ ဒီနေ့ ဧပြီ ၂၂ ရက်မနက် ၁၁ နာရီခွဲလောက်က ရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တခု လှုပ်သွားတယ်လို့  မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် ၁၁ နာရီ၊ ၂၈ မိနစ်ကျော်က ဟားခါးမြေငလျင်စခန်းရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂၅ မိုင်လောက်ကွာဝေးတဲ့  ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး ငလျင်တခု လှုပ်သွားခဲ့တာပါ။

ဧပြီလ ၂၁  ရက် ညနေ ၆ နာရီလောက်ကလည်း  ဖလမ်းမြို့ အရှေ့တောင်ဘက် (၁၄)မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၃  အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်သွားပါတယ်။

ဧပြီ ၁၉ ရက် ညနေ ၆ နာရီ  ၅၆ မိနစ်၊ ၂၁ စက္ကန့် အချိန်ကလည်း ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၅၄ မိုင်ခန့် ကွာဝေးတဲ့ ကလေးမြို့ရဲ့ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

ဧပြီ ၁၇ ရက်ည ၁၀ နာရီ မိနစ် ၂၀ ကျော် အချိန်ကလည်း ဟာခါးမြေငလျင်စခန်းမှ အ‌ရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင် ခန့်ကွာဝေးတဲ့ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်သွားပါတယ်။

ဧပြီ ၁၆ ရက်ည ၇ နာရီကျော်ကလည်း ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ ဖလမ်းမြို့ အရှေ့တောင်ဘက်(၂၅)မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်သွားသလို အဆိုပါနေ့ ည ၆ နာရီ ကျော်မှာ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၄ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013