
မကွေးတိုင်းဒေသကြီးအတွင်း ဧပြီ ၂၁ ရက်နေ့ထိ COVID-19 ရောဂါနဲ့ ဆက်နွှယ်တဲ့ အမှုပေါင်း ၃၂ မှု အရေးယူထားတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
အရေးယူထားတဲ့ အမှုအများစုဟာ ဆဲဆို၊ ခြိမ်းခြောက်၊ နာကျင်၊ ဝတ္တရားနှောင့်ယှက်မှုတွေများပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှု ဥပဒေနဲ့ ၂ မှု အရေးယူထားတယ်လို့ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောပါတယ်။
“အခုနောက်ပိုင်းမှာ ကူးစက်ရောဂါတိုက်ဖျက်ရေး ဥပဒေနဲ့ ၃ မှု အရေးယူထားပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွန်မှုဥပဒေနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးဥပဒေက အမြင့်ဆုံး ပြစ်ဒဏ် ထောင်တနှစ်အထိ ချမှတ်နိုင်ပြီး ထောင်ဒဏ် သုံးလစီ ပြစ်ဒဏ်ချမှတ် အရေးယူထားတယ်”
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးကာလမှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပြင် အများပြည်သူ လုံခြုံရေးအတွက် အရှိန်ဟုန်မြှင့်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
မင်းထီး










