DVB Logo
Home
မြန်မာသတင်း
COVID-19 ကူးစက်ဖြစ်ပွားရာ ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine ဝင်ရမည်
DVB
·
April 22, 2020
COVID-19 ကူးစက်ဖြစ်ပွားရာ ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine ဝင်ရမည်
Donate to DVB

COVID-19 ကူးစက်ဖြစ်ပွားနေတဲ့ အခြားဒေသတွေကနေ မန္တလေးမြို့ကို လာရောက်မယ့်သူတွေအနေနဲ့ Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက် နေရမယ်လို့ မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဧပြီ ၂၁ ရက်နေ့မှာ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

တနိုင်ငံလုံးမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၂၀ ကျော်နေပြီဖြစ်တဲ့အတွက် ထပ်မံပြီး ရောဂါကူးစက်မှု မဖြစ်ပွားစေဖို့ ညွှန်ကြားချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

ရောဂါပိုးမရှိတဲ့ဒေသကနေ ပြန်လာသူဖြစ်ရင် တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုခံယူပြီး လိုအပ်မှပဲ Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက်ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မိသားစုလိုက် ပြန်လည်ရောက်ရှိလာသူတွေဖြစ်ရင်တော့ နေအိမ်အလွတ် ဒါမှမဟုတ် သီးသန့်နေရာတခုခုမှာ မိသားစုလိုက် Quarantine ပြုလုပ်လိုပါက သတ်မှတ်ရက်အတိုင်း ပြုလုပ်ခွင့်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် Hotel Quarantine ပြုလုပ်လိုရင်လည်း ခွင့်ပြုပေးမယ့်အပြင် မိသားစုလိုက် မဟုတ်ဘဲ တဦးချင်း ပြန်လာတာဖြစ်ရင်တော့ သတ်မှတ်နေရာမှာပဲ Facility Quarantine ခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြည်ပက ပြန်လာသူတွေအနေနဲ့လည်း ညွှန်ကြားချက်နဲ့အညီ သတ်မှတ်ထားတဲ့နေရာတွေမှာ Community Based Facility Quarantine ၂၁ ရက် ခံယူရမယ့်အပြင် မိမိနေအိမ်မှာလည်း Home Quarantine ၇ ရက်ခံယူရမှာ ဖြစ်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့အထိ မန္တလေးတိုင်း ခရိုင် ၇ ခုမှာ Facility Quarantine ဆောင်ရွက်ဆဲ ဦးရေ ၃၆၂၂ ဦးနဲ့ မြို့ ၃ မြို့မှာ Hotel quarantine ဆောင်ရွက်ဆဲဦးရေ ၁၆ ဦး ရှိတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဧပြီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၂၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၅ ဦးရှိကာ ရောဂါကင်းစင်သူ ၉ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013