DVB Logo
Home
မြန်မာသတင်း
ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် အကျဉ်းသား ၁ ဦး ခန္တီးဆေးရုံတွင် သေဆုံး
DVB
·
April 22, 2020
ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် အကျဉ်းသား ၁ ဦး ခန္တီးဆေးရုံတွင် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဝင်  အကျဉ်းသားတဦး  ဧပြီလ ၂၀ ရက်က သေဆုံးသွားပါတယ်။

ခန္တီးအကျဉ်းထောင်မှာ ထောင်ကျနေတဲ့ အကျဉ်းသားဟာ မျက်စိအတွင်းက သွေးယိုတာ၊ သွားဖုံးအတွင်းက သွေးယိုတာတွေကြောင့် ၁ ရက်ကြာ ဆေးရုံတက် ဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ ခန္တီးမြို့မရဲစခန်းက  စခန်းမှူး ဒုရဲမှူး အောင်ကျော်သာက ပြောပါတယ်။

“သေဆုံးသွားတဲ့ ဖြစ်စဉ်ကတော့ မှန်ပါတယ်။ လောလောဆယ် သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်။ ဆေးစာအဖြေရမှပဲ ဘာကြောင့် သေရတယ်ဆိုတာ တိတိကျကျ သိရမှာပါ။” 

သေဆုံးသူဟာ ဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာ တိတိကျကျ မသိရသေးဘဲ အသည်းမကောင်းတာ၊ အစာအိမ်သွေးကြောပေါက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူက မတရားအသင်းပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ်ကျခံနေရတဲ့ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (UNLF) ကသည်းလက်နက်ကိုင်အဖွဲ့က တပ်သားအဆင့်ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အငန်ဘ ဆိုသူ ဖြစ်ပါတယ်။ 

ကသည်းလက်နက်ကိုင် အဖွဲ့ဝင် ၂၄ ဦးနဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကက်ပလန် (NSCN-K) ထိပ်ပိုင်းခေါင်းဆောင်တွေကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ၂၀၁၉ ခုနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ဆန်း ၁ ရက်နေ့ နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာတော့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတွေကို ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ 

ကသည်းလက်နက်ကိုင်အဖွဲ့ဝင်တွေကတော့ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း အကျဉ်းကျခံနေရတဲ့ ကသည်းလက်နက်ကိုင်  ၂၄ ယောက်ထဲက တယောက် သေဆုံးခဲ့ပြီး အခုသေဆုံးတာက ဒုတိယမြောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013