DVB Logo
Home
မြန်မာသတင်း
ကျောက္ကာရေနံချက်ဖိုများ မေလကုန်အထိ ရပ်နားထားရန် စစ်ကိုင်းတိုင်းအစိုးရညွှန်ကြား
DVB
·
April 21, 2020
ကျောက္ကာရေနံချက်ဖိုများ မေလကုန်အထိ ရပ်နားထားရန် စစ်ကိုင်းတိုင်းအစိုးရညွှန်ကြား
Donate to DVB

COVID- 19 ရောဂါကာကွယ်ရေးအတွက် နေ့စဉ်လူပေါင်း ထောင်ချီအလုပ်လုပ်ကိုင် လည်ပတ်နေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က ကျောက္ကာရေနံချက်ဖိုတွေ မေလကုန်အထိ ဆက်လက်ရပ်နားထားဖို့ တိုင်းအစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကျောက္ကာရေနံချက်ဖိုကုန်းမှာ ဖိုပေါင်း ၄၀၀ ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်က လူတွေ ဝင်ထွက်နေသလို ရေနံဖိုကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်နေကြသူတွေကလည်း နေ့စဉ် လူဦးရေ ၃၀၀၀ ကျော်လောက်ရှိနေတာပါ။

စွမ်းအားဖွံ့ဖြိုးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်လင်းက "အဓိကကတော့ ကိုဗစ်ပဲ။ ရေနံချက်ဖိုကိုက နယ်ပေါင်းစုံကလာကြတာ။ ကားတွေကော လူတွေကော။ လောလောဆယ်မှာကလည်း တရုတ်၊ ထိုင်း ပြည်တော်ပြန်တွေကများတယ်။ အလုပ်လက်မဲ့ဖြစ်နေချိန်မှာ ဒီမှာ လုပ်ငန်းလည်ပတ်နေရင် ဒီကို လာကြမှာ။ ဆိုတော့ နဂိုကတည်းက နေရာအနှံ့က လူပေါင်းစုံရှိနေတာ အဲလိုပြည်တော်ပြန်တွေပါ တိုးလာရင် ရောဂါပိုးရှိသူပါလာရင် အကုန်လုံးကို ကူးစက်နိုင်တယ်။” လို့ ပြောပါတယ်။

ရေနံစျေးကွက်ကျဆင်းနေတာလည်းဖြစ်လို့ ခုလို ရပ်နားထားရပေမယ့် ဆုံးရှုံးနစ်နာမှု ကြီးကြီးမားမား မရှိဘူးလို့လည်းပြောပါတယ်။

“ကမ္ဘာ့ရေနံစျေးကလည်း ဇီးရိုးလောက်တောင်ဖြစ်နေပြီဆိုတော့ ချက်ရင်လည်း အကျိုးမရှိဘူး။ ချက်ဆီစျေးက ဒီဇယ်စျေးထက်တောင် မြင့်နေသေးတယ်။ ဆိုတော့ ၁ လ၊ ၂ လ ရပ်နားထားရလို့ ဘာမှမဖြစ်နိုင်ပါဘူး။ အလုပ်သမားတွေလည်း ကျွန်တော်တို့က တတ်နိုင်သလောက် ထောက်ပံ့ရမှာပေါ့။"လို့ ဦးအောင်လင်းက ပြောပါတယ်။

COVID-19 ရောဂါ မြန်မာနိုင်ငံမှာ မတွေ့ခင်ကတည်းက ရေနံစျေးကျဆင်းတာကြောင့် ရေနံချက်ဖို တော်တော်များများက မတ်လဆန်းလောက်ကတည်းက ရပ်နားထားခဲ့ကြတာပါ။ ရေနံချက်ဖိုတွေကို အမှီပြုပြီး ရေနံချက်သူ၊ ရေနံချိုး ခွာသူ၊ သယ်သူ စသဖြင့် အမျိုးသားကော အမျိုးသမီးပါ နေ့စဉ် လူဦးရေ ၃၀၀၀ ကျော် အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိနေကြတာပါ။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ  လူပေါင်း ၁၁၉ ဦးရှိပြီး သေဆုံးသူလည်း ၅ ယောက်ရှိနေသလိ‌ေ စစ်ကိုင်းတိုင်းမှာလည်း ရောဂါပိုးရှိသူ တွေ့ရှိထားလို့ စိုးရိမ်စိတ်တွေလည်း ရှိနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013