DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်ခံရပြီးသေဆုံးသွားသည့် WHO ဝန်ထမ်းအတွက် ဝမ်းနည်းကြောင်း ကုလသမဂ္ဂထုတ်ပြန်
DVB
·
April 21, 2020
ပစ်ခတ်ခံရပြီးသေဆုံးသွားသည့် WHO ဝန်ထမ်းအတွက် ဝမ်းနည်းကြောင်း ကုလသမဂ္ဂထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဧပြီ ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးဖြစ်စဉ်တခုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝန်ထမ်းတဦးဖြစ်သူ  ဦးပြည့်စုံဝင်းမောင်ဟာ ဒဏ်ရာရရှိပြီး အသက်ဆုံးရှုံးသွားကြောင်း အလွန်ဝမ်းနည်းဖြစ်စွာ အတည်ပြုတယ်လို့ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ လုပ်ဖော်ကိုင်ဖက်က ကုလသမဂ္ဂအဖွဲ့ (UN)ရဲ့ တံဆိပ်အမှတ်အသားပါတဲ့ မော်တော်ယာဉ်နဲ့ COVID-19 ရောဂါစောင့်ကြည့်ခံရသူတွေရဲ့ စစ်ဆေးချက်နမူနာတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကူညီထောက်ပံ့တဲ့အနေနဲ့  စစ်တွေမြို့မှ ရန်ကုန်မြို့သို့ သယ်ယူပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီဖြစ်ရပ် အခြေအနေတွေကို  စုံစမ်းစစ်ဆေးနေပြီး လုပ်ဖော်ကိုင်ဖက်ရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက COVID-19 ရောဂါရှိ၊ မရှိ စစ်ဆေးဖို့ စောင့်ကြည့်ခံရသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်သို့ ပို့ဆောင်ဖို့ သယ်ဆောင်လာတဲ့ WHO ပိုင် မော်တော်ယာဉ်ကို  အေအေအဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် အရပ်သားဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးအရောက်မှာ အေအေအဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာဖြစ်ပြီး အရပ်သားဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာတွေ ရရှိခဲ့လို့ မင်းပြားဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့လည်းဆိုပါတယ်။

ဒီနောက်မှာ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် သေဆုံးသွားတဲ့အကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက အတည်ပြုသတင်းထုတ်ပြန်ခဲ့တာပါ။ 

အစိုးရက အေအေအဖွဲ့ကို မတရားအသင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့အတွက်  အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေဘက်ကို ဆက်သွယ်မေးမြန်းဖို့ ဥပဒေကြောင်းအရ အခက်အခဲတွေ ရှိနေပါတယ်။

ဓာတ်ပုံ- UN MYANMAR 

(ရန်ကုန်မြို့ ကုလသမဂ္ဂရုံးတွင် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် အလံထက်ဝက်လွှင့်ထူထားစဉ်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013