DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် Mask တပ်ခိုင်းသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားခုတ်ခံရ
DVB
·
April 20, 2020
မုံရွာတွင် Mask တပ်ခိုင်းသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားခုတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်လမ်း၊ ပြည်တော်သာရပ်ကွက် မြို့ဝင် အဖွဲ့စုံ ကိုဗစ်စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး ဧပြီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဓားနဲ့ အခုတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ 

ဓားနဲ့ခုတ်တဲ့သူက မုံရွာမြို့နယ်၊ ဆုံကုန်းကျေးရွာနေ အောင်ကျော်မြင့် (၄၉ နှစ်)ဆိုသူဖြစ်ပြီး Mask တပ်ဖို့ တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ပြောဆိုတာကို မကျေနပ်တဲ့အတွက် အိမ်ပြန်ကာ အရှည် ၃ ပေခန့်ရှိတဲ့ ဓားတစ်ချောင်းယူခဲ့ပြီး ပြန်လာခုတ်တာလို့ ကနဦးသိရပါတယ်။ 

ဓားဒဏ်ရာကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ဝေလင်းမှာ မစိုးရိမ်ရတဲ့ ၁ လက်မခန့် ကျောကုန်းပွန်းရှဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်မောင်းထွက်ပြေးသွားတဲ့ အောင်ကျော်မြင့်ကိုတော့ မြို့နယ်ရဲမှူး ဦးဆောင်တဲ့အဖွဲ့က နေ့လယ် ၁ နာရီခန့်လောက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းမှာ (ပ)၁၇၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး ဧပြီလ ၁၉ ရက်နေ့ ညပိုင်းကလည်း ကျွန်းလှမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတဦး ဓားထိုးခံခဲ့ရပါသေးတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးကိုယ်တိုင် ဦးဆောင်ကာ မုံရွာမြို့မှာ Mask တွေအခမဲ့ပေးဝေနေပြီး Mask တပ်ဖို့ ကမ်ပိန်းကို ပြုလုပ်နေတာပါ။ မြို့ဝင်တွေမှာလည်း အဖွဲ့စုံနဲ့ မြို့တွင်းဝင်ရင် Mask တပ်ဖို့နဲ့ အရေးအကြောင်းမရှိဘဲ အပြင်မထွက်ကြဖို့ လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013