DVB Logo
Home
မြန်မာသတင်း
Air KBZ ‌ လေယာဉ်ဖြင့် ခန္တီးမြို့ကို လာသည့်ခရီးသည်များကို Quarantine၂၁ ရက်ထားရှိ
DVB
·
April 20, 2020
Air KBZ ‌ လေယာဉ်ဖြင့် ခန္တီးမြို့ကို လာသည့်ခရီးသည်များကို Quarantine၂၁ ရက်ထားရှိ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ကို ဧပြီ ၂၀ ရက်နေ့ Air KBZ လေကြောင်းနဲ့ မန္တလေးကနေ လိုက်ပါလာတဲ့ ခရီးသည် ၂၆ ဦးကို ခန္တီးမြို့ COVID-19 ထိန်းချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်ရာနေရာ အသီးသီးမှာ စောင့်ကြပ်ကြည့်ရှုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးအရက တိုင်းခြားက လာသူတွေတွေ Quarantine ၂၁ ရက် ထားရမယ်လို့ ညွှန်ကြားတာကြောင့် အခုလို လုပ်ဆောင်တာလို့ ခန္တီးမြို့ အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တိုင်းအစိုးရ ညွှန်ကြားစာမှာ တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ဝင်ရောက်လာသူတွေ ထားရှိရမယ်လို့ တိုင်းအစိုးရ ထုတ်ပြန်ထားပါတယ်။

ခန္တီး-မန္တလေး လေယာဉ်ခရီးစဉ်ကို ၁၀ ရက်ကြာ ရပ်နားထားပြီး ဧပြီ ၂၀ ရက်နေ့မှာ ပြန်လည်စတင်ပြေးဆွဲတာလည်း ဖြစ်ပါတယ်။

ဧပြီလ ၂၀ ရက် နေ့မှာ မန္တလေး-ခန္တီးလေယာဉ် Air KBZ ခရီးသည် ၂၆ ယောက်ပါခဲ့ကာ ၆ ယောက်ကတော့ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး လဟယ်မြို့က ဖြစ်တာကြောင့် အဲဒီမှာ Quarantine ထားဖို့နဲ့ ဗိုလ်မှူးတယောက်ကိုလည်း စစ်တပ်မှာ Quarantine ထားမှာ ဖြစ်ပါတယ်။ ဘုန်းကြီးတပါးနဲ့ ကျန်အရပ်သားတွေကိုတော့ ခန္တီးမြို့ န.တ.လ သင်တန်းကျောင်းမှာ ထားရှိမှာပါ။ ခန္တီးမှာ ရှိနေတဲ့ ဒေသခံတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စားသောက်ရမှာဖြစ်ပြီး တခြားဒေသက လူတွေအတွက်တော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူသွားမယ်လို့ သိရပါတယ်။

“အခုလိုလုပ်တဲ့အတွက် အဆင်မပြေဘူး။  အခုက ကျမတို့က အရေးကြီးခရီး သွားစရာရှိရင် သွားရမယ်။ ခရီးသွားမယ်ဆိုလည်း ကျန်းမာရေးထောက်ခံချက်တွေ ယူသွားခိုင်းရင် ပိုအဆင်ပြေမယ်။ အခု ဒီလိုလုပ်ရင် ခရီးသွားသူတွေအတွက် အဆင်မပြေဘူး ဖြစ်နေတယ်။ ခရီးသွားပြည်သူတွေ အဆင်ပြေအောင် စီစဉ်ပေးသင့်တယ်။ အဲဒီလို ခရီးမသွားစေချင်ရင် လေယာဉ်တွေ ပိတ်လေ။ အခုက မဖြစ်မနေ သွားရမယ့်လူတွေအတွက် အစိုးရအနေနဲ့ ပြန်စဉ်စားသင့်တယ်”လို့ ခရီးသည်တဦးက ပြောပါတယ်။



အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013