DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း COVID-19 စောင့်ကြည့်၊ သံသယ ၄၁ ဦးရှိ
DVB
·
April 20, 2020
စစ်ကိုင်းတိုင်းအတွင်း COVID-19 စောင့်ကြည့်၊ သံသယ ၄၁ ဦးရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စောင့်ကြည့်၊ သံသယ ၄၁ ဦးရှိပြီး ၂ ဦးမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ နဲ့ ပတ်သက်လို့ စောင့်ကြည့်လူနာပေါင်း ၁၈၈၁ ယောက် ရှိပါတယ်။ 

အဲဒီထဲမှာ လူနာအမှတ် ၈၂ နဲ့အတူ လေယာဉ်အတူစီးခဲ့တဲ့ မုံရွာမြို့က Facility Quarantine ထားရှိတဲ့ အမျိုးသမီး ၂ ဦး၊ ဖောင်းပြင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ရှမ်းပြည်နယ်က ပြန်လာသူ တပ်မတော်သားတဦးနဲ့ တခြားမြို့နယ်တွေကလည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် မုံရွာမြို့၊ သလ္လာရပ်ကွက်၊ မိုးကောင်းလမ်းက နေအိမ်တလုံးကိုလည်း lock down ပြုလုပ်ထားပါတယ်။ စောင့်ကြည့်၊ သံသယ လူနာတချို့ကိုတော့ ကိုဗစ်ရောဂါ ရှိ၊ မရှိ သိနိုင်ဖို့ တိုင်းပြည်သူ့ကျန်းမာရေးကတဆင့် ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပို့ဆောင်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာ Quarantine Center ပေါင်း ၁၄၄၆ ခုရှိပြီး လူဦးရေ ၆၀၂၈ ဦး ရှိပါတယ်။ သတ်မှတ်ရက်ပြည့်လို့ ပြန်လွှတ်လိုက်တာ ၂ သောင်းဝန်းကျင်ရှိပါတယ်။ 

ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်တွင်း ပြည်ပက ပြန်လာသူတွေကို Quarantine ထားရှိဖို့ ညွှန်ကြားထားပြီး ပျက်ကွက်ရင် အဆင့်ဆင့်ကို အရေးယူမယ်လို့လည်း အမိန့်စာထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၄၄ တွေကိုလည်း မြို့နယ်အလိုက် ထုတ်ပြန်နေသလို ည ၁၀ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရအမိန့်တွေကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အပြင်ထွက်ရင် Mask တပ်ကြဖို့အတွက်လည်း အသိပညာပေးတာတွေ၊ အခမဲ့ပေးဝေတာတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013