DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ခွင့်ပြုချက်မဲ့ ခရီးသွားခဲ့သည့် ဝန်ထမ်း ၅၅၀ ကျော်အား Facility Quarantine ထားရှိ
DVB
·
April 20, 2020
ဧရာဝတီတိုင်းတွင် ခွင့်ပြုချက်မဲ့ ခရီးသွားခဲ့သည့် ဝန်ထမ်း ၅၅၀ ကျော်အား Facility Quarantine ထားရှိ
Donate to DVB

ဧရာဝတီတိုင်းမှာ သင်္ကြန်ပိတ်ရက်ကာလ ခွင့်ပြုချက်မရှိဘဲ တခြားမြို့နယ်တွေကို ခရီးသွားလာခဲ့တဲ့ ဝန်ထမ်း ၅၅၀ ကျော်အား သက်ဆိုင်ရာမြို့နယ်တွေမှာ Facility Quarantine ၂၁ ရက်ထားမယ်လို့ တိုင်းလူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက DVB ကို ပြောပါတယ်။

“ပြန်လာတဲ့ ဝန်ထမ်းတွေအတွက်တော့ Facility Quarantine ၂၁ ရက် ညွှန်ကြားတဲ့အတိုင်းပဲ ထားဖို့ အစီအစဉ်လုပ်ထားပါတယ်။” 

ပြန်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ပုသိမ်ပညာရေးကောလိပ်မှာ Facility Quarantine ၂၁ ရက်ထားဖို့ စီစဉ်ထားပြီး မြို့နယ်အလိုက် ခရိုင်မြို့တွေက တက္ကသိုလ်အဆောင်တွေမှာ ထားရှိမယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ တာဝန်ကျရာနေရာတွေကနေ သင်္ကြန်ပိတ်ရက် ခရီးသွားလာတဲ့ ဝန်ထမ်း ၅၀၀ ကျော် ၆၀၀ ပတ်ဝန်းကျင် ရှိတယ်လို့ သိရှိရပြီး လက်ရှိဌာနကြီး ၃ ခုက ခရီးသွား ဝန်ထမ်းစာရင်း မရရှိသေးဘူးလို့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

မဟာသင်္ကြန်ကာလရုံးရက်တွေမှာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ခရီးသွားတဲ့ ဝန်ထမ်းတွေကို နိုင်ငံဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013