DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ရေယာဉ်လိုင်းများ နေ့ခင်းပိုင်းသာ ပြေးဆွဲခွင့်ပြုတော့မည်
DVB
·
April 20, 2020
ဧရာဝတီတိုင်းက ရေယာဉ်လိုင်းများ နေ့ခင်းပိုင်းသာ ပြေးဆွဲခွင့်ပြုတော့မည်
Donate to DVB

ဧရာဝတီတိုင်းအတွင်းက ရေယာဉ်လိုင်းတွေကို နေ့ခင်းပိုင်းသာ ပြေးဆွဲခွင့်ပြုတော့မယ်လို့ တိုင်းအစိုးရက တိုင်းအစိုးရက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် တိုင်းအတွင်းပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေကို အချိန်ပြောင်းလဲပြေးဆွဲဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့တာပါ။

လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက "သင်္ဘောလိုင်းတွေတော့ မပါဘူး၊ မော်တော်ယာဉ်လိုင်းတွေကို ပိတ်တဲ့ရက်တိုးဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ" လို့ DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရက COVID – 19 ထိန်းချုပ်ရေးအတွက် အဝေးပြေး ကားလိုင်းပိတ်သိမ်းမှုကာလ သက်တမ်း တိုးမြှင့်ခဲ့သလို တိုင်းအတွင်းပြေးဆွဲနေတဲ့ ရေယာဉ်တွေနဲ့ ပုဂ္ဂလိက သင်္ဘောလိုင်းတွေအားလုံးကိုလည်း ညပိုင်းပြေးဆွဲခွင့်မပြုတော့ဘဲ မနက် ၅ နာရီကနေ ည ၈ နာရီအတွင်း အချိန်ပြောင်းလဲပြေးဆွဲဖို့ ညွှန်ကြားခဲ့တာလို့ တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီက တာဝန်ရှိသူကပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတိုင်းအောင်က “ကျန်းမာရေးဝန်ထမ်းတွေက သင်္ဘောတွေ စက်လှေတွေနဲ့ ပါလာသူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေ တညလုံးလုပ်ဖို့က အဆင်မပြေဘူး။ ဒါကြောင့် မနက်ပိုင်းကို အချိန်ပြောင်းလဲခဲ့တာပါ။ သင်္ဘောလိုင်းတွေ မပိတ်ပေမယ့် ခရီးသည်လည်း အခုကာလမှာ အရမ်းနည်းပါတယ်။ အဓိကက ကျေးလက် တောရွာတွေမှာ စားသောက်ကုန်တွေ မပြတ်လပ်ဖို့ စက်လှေတွေက ကုန်တွေတင်ပြီး သွားလာနေကြတာ"လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှာ ရေယာဉ်ကြီးတွေ မြင်းကောင်ရေ ၂၀ အထက် သင်္ဘောနဲ့ စက်လှေတွေ မြင်းကောင်ရေ ၂၀ အောက် စက်လှေလိုင်းတွေအပါအဝင် သင်္ဘောနဲ့ စက်လှေစုစုပေါင်း ၁ သောင်းခန့် ယခင်က ပြေးဆွဲခဲ့ပြီး လက်ရှိကာလမှာ စီးပွားရေးအရ အရှုံးပေါ်ကြတာကြောင့် သင်္ဘောနဲ့ စက်လှေလိုင်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ည ၁၀ နာရီနောက်ပိုင်းကနေ မနက် ၄ နာရီ အချိန်ထိ အပြင်မထွက်ဖို့ ဧပြီလ ၁၈ ရက်နေ့‌က အမိန့်ထုတ်ခဲ့သလို ကုန်လမ်းက ခရီးသွားလာတဲ့ ခရီးသည်တင် မော်တော်ယာဉ် လိုင်းတွေကိုလည်း ဧပြီ ၃၀ ရက်နေ့အထိ သွားလာခွင့်ကို တိုးမြှင့်ပိတ်ထားခဲ့ပါတယ်။

ဧရာဝတီတိုင်းအတွင်း ခရီးသွားရေယာဉ်တွေနဲ့ သင်္ဘောလိုင်းတွေအားလုံး ဧပြီလကုန်အထိ ပိတ်ရမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ မှားယွင်းဖော်ပြခဲ့မှုအပေါ်လည်း တိုင်းအစိုးရက ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ သင်္ဘောလိုင်းနဲ့ စက်လှေလိုင်းတွေအားလုံးကို တိုင်းဒေသကြီးအစိုးရက ညဘက် ပြေးဆွဲမှုအစား မနက် ၅ နာရီမှ ည ၈ နာရီအချိန်ထိ ပြောင်းလဲပြေးဆွဲဖို့ ညွှန်ကြားခဲ့တာကို ဧပြီလကုန်ပိုင်းအထိ ပိတ်ရမယ်ဆိုပြီး ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်ခဲ့တာပါ။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013