DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
April 19, 2020
တနင်္သာရီတိုင်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်
Donate to DVB

တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၈ ခုမှာ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 

လတ်တလော ဖြစ်ပွားနေတဲ့ ကူးစက်မြန် COVID-19 ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်လိုတဲ့အပြင် လူနာအမှတ် ၂၅ ဟာ တနင်္သာရီတိုင်းအတွင်းက မြို့နယ်တွေကို လာရောက်ခဲ့တဲ့အတွက် အခုလို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာလို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။  

ဒါကြောင့် သတ်မှတ်ထားတဲ့ နယ်နိမိတ်တွေမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း  စိုးရိမ်ဖွယ်ရာ ကျန်းမာရေးကိစ္စရပ်ကလွဲပြီး နေအိမ်အပြင်မထွက်ဖို့ လူစုလူဝေးမလုပ်ဖို့နဲ့ မလိုက်နာဘူးဆိုရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

အခုလို ထုတ်ပြန်လိုက်တာကြောင့် ည ၁၂ နာရီခွဲကနေ မနက် ၄ နာရီအထိ အလုပ်လုပ်ကိုင်နေကြရတဲ့ ရော်ဘာအစေးခြစ်လုပ်သားတွေအနေနဲ့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အခုလို ထုတ်ပြန်လိုက်တာဟာ ညပိုင်းအချိန်ကာလအပိုင်းအခြားမှာ COVID-19 ကူးစက်မှု ပိုမိုအဖြစ်များလို့လားဆိုပြီး လူထုကြားထဲ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ 

အခုလို အကြောင်းရာမျိုးတွေ တိုင်းအစိုးရအဖွဲ့ဆီကို တက်လာတာမျိုးမရှိသေးပဲ တကယ်လို့ တင်ပြလာခဲ့ရင် အခြေခံလူတန်းစားတွေအတွက် အတတ်နိုင်ဆုံး အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စဉ်းစားပြီး ဆောင်ရွက်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013