DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၈၂ နဲ့လေယာဉ်အတူစီးလာသူ တရုတ်နိုင်ငံသား တည်းခဲ့သည့်ဟိုတယ်အနီး Lock down ပြုလုပ်
DVB
·
April 19, 2020
လူနာအမှတ် ၈၂ နဲ့လေယာဉ်အတူစီးလာသူ တရုတ်နိုင်ငံသား တည်းခဲ့သည့်ဟိုတယ်အနီး Lock down ပြုလုပ်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ COVID-19 အတည်ပြုလူနာ အမှတ် ၈၂ နဲ့ လေယာဉ်အတူ စီးလာသူ တည်းခိုခဲ့တဲ့ အမှတ် ၁၀ ရပ်ကွက်က အောင်သရဖူ ဟိုတယ်ပတ်ဝန်းကျင်ကို ဧပြီ ၁၈ ရက်နေ့က Lock down ပြုလုပ်ပြီး အသွားအလာ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက “ဟိုတယ်ပတ်ဝန်းကျင်က လမ်းတချို့ကို Lock down ပြုလုပ်ပြီး အသွားအလာ ကန့်သတ်လိုက်တာပါ။ Case-82 နဲ့ လေယာဉ်အတူ စီးလာတဲ့ တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာနိုင်ငံက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးကို ကျန်းမာရေးဝန်ကြီးဌာနက အသစ်ဆောက်လုပ်ထားတဲ့ Q1 မှာ Facility Quarantine ပြုလုပ်ပေးပြီး နှာခေါင်းတို့ဖတ် လည်ချောင်းတို့ဖတ်တို့ ရယူကာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

မန္တလေးမှာလည်း လူနာ အမှတ် ၈၂ နဲ့ လေယာဉ်အတူ စီးလာတဲ့သူ ၂၁ ယောက်ရှိနေပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ဘူးလို့  သိရပါတယ်။

COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် ရည်ရွယ်ပြီး မကွေးတိုင်းအစိုးရအဖွဲ့က ဟိုတယ်တွေ၊ အင်းတွေကို ဧပြီ ၂၀ ရက်နေ့ထိ ယာယီရပ်နားထားဖို့ ပန်ကြားထားပြီး တိုင်းအတွင်း အတည်ပြုလူနာ အမှတ် ၅၃ တွေ့ရှိပြီးနောက် ဧပြီ ၃၀ ရက်နေ့ထိ ရပ်နားထားဖို့ ပန်ကြားချက်ထုတ်ပြန်ထားပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013