DVB Logo
Home
မြန်မာသတင်း
လူ ၁ သောင်းအတွက် Facility Quarantine Camp များ ကြိုပြင်ထားဟု မွန်ဝန်ကြီးချုပ်ပြော
DVB
·
April 19, 2020
လူ ၁ သောင်းအတွက် Facility Quarantine Camp များ ကြိုပြင်ထားဟု မွန်ဝန်ကြီးချုပ်ပြော
Donate to DVB

ဧပြီလကုန်မှာ ထိုင်းနိုင်ငံက ပြန်လာမယ့် နေရပ်ပြန်တွေကို မွန်ပြည်နယ်ထဲက Facility Quarantine Camp တွေမှာ ထားရှိဖို့ လူ ၁ သောင်းစာအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။

လာမယ့် ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းကစပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် တိုင်းနဲ့ပြည်နယ် အသီးသီးက နေရပ်ပြန်တွေကို  မော်လမြိုင် အ.ထ.က (၆) အပြင် မြို့နယ် အသီးသီးက အခြေခံပညာကျောင်းတွေမှာ စောင့်ကြည့်သွားဖို့ ပြင်ဆင်နေတာပါ။

အခုလို လုပ်ဆောင်ရာမှာ မော်လမြိုင်မြို့နယ် တခုတည်းမှာ လူပေါင်း ၃၀၀၀ လောက် ထားနိုင်အောင် ပြင်ဆင်နေပြီး တခြားမြို့နယ်တွေမှာတော့ နေရပ်ပြန် ၇၀၀၀၊ စုစုပေါင်း ၁၀၀၀၀ စာအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

“ထိုင်းနိုင်ငံ ပြည်တော်ပြန်တွေအတွက် မွန်ပြည်နယ်က Facility အပြည့်ပေါ့။ Facility Quarantine တွေလုပ်ဖို့ ကျနော်တို့ စီစဉ်နေတာတွေ အများကြီးရှိပါတယ်။ မော်လမြိုင်မှာ ၂၇၀၀ ကနေ ၃၀၀၀၊ ကျန်တဲ့မြို့နယ်တွေမှာ ၃၀၀၀၊ အရန်က ၄၀၀၀၊ စုစုပေါင်း ၁ သောင်း ကျနော်တို့ ပြင်ဆင်နေပါတယ်။”

ပြန်လည်ရောက်ရှိလာမယ့် နေရပ်ပြန်တွေကို အစားအသောက်နဲ့ ရေ၊ မီး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုတွေကို အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အခုအခါ ထိုင်းနိုင်ငံ ပြန်လာတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက နေရပ်ပြန် ၁၀၀၀ ကျော်ကို မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းမှာ စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။

အခုလို လုပ်ဆောင်ရာမှာ PPE နဲ့ Mask တွေ ပြည့်စုံလာပေမယ့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

“လိုအပ်ချက်က Human Resource ပဲ။ စောစောပိုင်းကတော့ PPE တို့၊ Mask တို့ လိုအပ်ချက် ရှိတယ်။ အခုကျတော့ လုံလောက်မှုရှိလာပြီ။ ပိုပိုလျှံလျှံကြီးတော့ မဟုတ်ဘူးပေါ့။ အရင်က အဖျားတိုင်းတာကအစ Mask တပ်ဖို့တောင် ရှားပါးတယ်။”

လက်ရှိမှာတော့ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့  နေပြန်တွေကို မွန်ပြည်နယ် မုဒုံမြို့နယ်က အ.ထ.က (၃) မှာ နေရာချထားပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။ 

မွန်ပြည်နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဧပြီ ၁၈ ရက်နေ့က သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013