DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ရန် အစီအစဉ် မရှိသေးဟု ဝန်ကြီးချုပ်ပြော
DVB
·
April 19, 2020
မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ရန် အစီအစဉ် မရှိသေးဟု ဝန်ကြီးချုပ်ပြော
Donate to DVB

မွန်ပြည်နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးဘူးလို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ ၁၈ ရက်နေ့က သတင်းမီဒီယာတွေကို ပြောပါတယ်။

ညမထွက်ရ အမိန့်ကို လောလောဆယ် ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးပေမဲ့ လိုအပ်လာရင် ထုတ်ပြန်သွားဖို့ အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ 

COVID-19 ရောဂါကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်တာတွေ လုပ်ဆောင်နေတဲ့အပြင် အသွားအလာ ကန့်သတ်တာနဲ့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ 

မွန်ပြည်နယ်မှာတော့ COVID - 19 ရောဂါ အတည်ပြုလူနာ ၁ ဦးသာ ရှိနေပြီး အဲဒီလူနာ အခြေအနေကလည်း ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013