DVB Logo
Home
မြန်မာသတင်း
ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မုံရွာမြို့တွင် လုံခြုံရေးတိုးမြှင့်
DVB
·
April 19, 2020
ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မုံရွာမြို့တွင် လုံခြုံရေးတိုးမြှင့်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး တိုင်းရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ လှည့်ကင်း၊ ရပ်ကင်းတွေနဲ့ မြို့ပြလုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေပါတယ်။ 

ညမထွက်ရအမိန့်စတင်တဲ့ရက်က‌နေစကာ ညစဉ် လမ်းသွားလမ်းလာတွေကို ၁၀ နာရီနောက်ပိုင်း ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အပြင်မထွက်ကြဖို့၊ အပြင်ထွက်ရင် Mask တပ်ဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေပြီး အရပ်ဘက်အဖွဲ့တွေကလည်း Mask မပါသူတွေကို Mask အခမဲ့ ဖြန့်ဝေပေးနေပါတယ်။ 

မြို့ဝင်မြို့ထွက်တွေမှာ အဖွဲ့စုံနဲ့ အထူးကြပ်မတ်နေပြီး မြို့ပေါ်က ရဲအင်အားတင်မက ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ဝင်တွေပါ အင်အားဖြည့်ပြီး လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ 

ညစဉ်လည်း လက်နက်မှု၊ ခိုးမှုတွေ ဖမ်းဆီးရမိနေပါတယ်။ တိုင်းအတွင်းက မြို့တိုင်းမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်ကာ လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားထားပါတယ်။ 

မြို့ဝင်မြို့ထွက်နေရာတွေနဲ့ မြို့တွင်းလမ်းဆုံတချို့မှာလည်း CCTV ကင်မရာတွေ တပ်ဆင်ပြီး လုပ်ဆောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013