DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် ညောင်လေးပင်တွင် Social Distancing စနစ်ဖြင့် ယာယီစျေးဖွင့်
DVB
·
April 18, 2020
ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် ညောင်လေးပင်တွင် Social Distancing စနစ်ဖြင့် ယာယီစျေးဖွင့်
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ ဧပြီ ၁၈ ရက်နေ့ကစတင်တာ Social Distancing စနစ်နဲ့ ကွင်းပြင်ကျယ်တွေမှာ ယာယီစျေးဖွင့်လှစ်ပေးထားတယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

ညောင်လေးပင်မြို့ စျေးအ​နောက်လမ်းမှာရှိတဲ့ ယခင်ပျံကျဈေးဟာ ကျဉ်းမြောင်းပြီး စျေး​ရောင်းချသူတွေ အရမ်းနီးကပ်တာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တာ​ကြောင့် Social Distancing စနစ်နဲ့ ပျံကျစျေးကို မဟာတိလောကသယမ္ဘူဘုရားကြီရဲ့ကွင်းပြင်မှာ ယာယီပြောင်းရွှေ့ဖွင့်လှစ်တာလို့ မြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်၊

Social Distancing စနစ်နဲ့ ယာယီဖွင့်လှစ်ထားတဲ့ စျေးမှာ ဆိုင်ခန်းပေါင်း ၃၀၀ ကျော် နေရာချထားပေးထားပြီး mask နဲ့ လက်အိတ်တွေ တပ်ဆင်ပြီးမှ ဝယ်ယူရောင်းချဖို့ စျေးရောင်းချသူနဲ့စျေးဝယ်သူတွေကို နိုးဆော်ထားတယ်လို့ ဆိုပါတယ်။

Social Distancing စနစ်နဲ့ ဖွင့်ထားတဲ့ ယာယီစျေး အဝင်အထွက်​နေရာ​တွေမှာ mask တွေ အခမဲ့​ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013