DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း မြို့နယ် ၇ ခုတွင် ယနေ့ညနေ ၆ နာရီကစ အိမ်ပြင်မထွက်ရန် အမိန့်ထုတ်
DVB
·
April 18, 2020
ရန်ကုန်တိုင်း မြို့နယ် ၇ ခုတွင် ယနေ့ညနေ ၆ နာရီကစ အိမ်ပြင်မထွက်ရန် အမိန့်ထုတ်
Donate to DVB

ရန်ကုန်တိုင်းထဲက မြို့နယ် ၇ ခုမှာ နေထိုင်သူတွေအနေနဲ့ ဒီနေ့ညနေ ၆ နာရီကစပြီး အိမ်မှာပဲ နေဖို့အပါအဝင် သတ်မှတ်ချက်တွေကို လိုက်နာဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကို ပိုပြီး ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် တချို့မြို့နယ်က ပြည်သူတွေအနေနဲ့ အိမ်မှာပဲ နေထိုင်ကြဖို့ (Stay at Home) လိုတယ်လို့ ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ နေထိုင်ကြသူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ဖို့အတွက် တအိမ်က တယောက်ပဲသွားဖို့၊ ဆေးရုံ ဆေးခန်းသွားမယ်ဆိုရင် တအိမ်က ၂ ယောက်ပဲ သွားဖို့၊ အိမ်အပြင်ကိုသွားမယ်ဆိုရင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ သွားရောက်တာ၊ ပြန်လာမယ့်သူတွေကို ပို့မယ့်ကားတွေနဲ့ ဖြတ်သန်းခွင့်ပေးထားတဲ့ ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန် သွားခွင့်ပေးဖို့၊ ရပ်ကွက်အတွင်း ဈေးဝယ်တာအတွက် ယာဉ်ပေါ်မှာ ယာဉ်မောင်းအပြင် နောက်တယောက်၊ ဆေးရုံဆေးခန်း သွားဖို့အတွက် ယာဉ်မောင်းအပြင် နောက် ၂ ယောက်ပဲ သွားရောက်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဒါပေမဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်သူတွေကိုတော့ အိမ်အပြင်ထွက်ခွင့်ပေးထားပါတယ်။

အပြင်ထွက်တဲ့အခါ သတ်မှတ်ဦးရေထက် ပိုပြီး ထွက်ဖို့လိုလာရင် တခြားအရေးပေါ်ကိစ္စတွေရှိရင် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာဖို့လည်း ညွှန်ကြားထားပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကလည်း တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ဖို့၊ သွားရောက်/ပြန်လာသူတွေကလွဲပြီး ရပ်ကွက်က လူတွေ မထွက်ဖို့၊ ရပ်ကွက်အပြင်ကလူတွေ ဝင်ခွင့်မပေးဖို့ ညွှန်ကြားထားပါတယ်။

ဒီအမိန့်ကို လိုက်နာဖို့ ပျက်ကွက်ရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013