DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့၌ တရုတ်နိုင်ငံသားများတည်းသည့် ဟိုတယ်ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
April 18, 2020
ပခုက္ကူမြို့၌ တရုတ်နိုင်ငံသားများတည်းသည့် ဟိုတယ်ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လူနာ အမှတ် ၈၂ နဲ့ လေယာဉ်တစီးတည်း စီးလာတဲ့ တရုတ်နိုင်ငံသားတွေ တည်းခိုနေတဲ့ ဟိုတယ်ရှေ့မှာ ဧပြီလ ၁၇ ရက်နေ့ညက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့ဆေးရုံ အထောက်ကူပြုကော်မတီဝင် ဦးတင်ဝင်းက “အောင်သရဖူ ဟိုတယ်မှာ Case-82 နဲ့လေယာဉ်တစီးတည်း အတူစီးနင်းခဲ့တဲ့ တရုတ်နိုင်ငံသားတွေ တည်းခိုနေတာကို ရပ်ကွက်က သိသွားပြီး အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်တားမြစ်လူစုခွဲပြီး တည်းခိုနေတဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာအဖြစ် ဆောက်လုပ်ထားတဲ့ Q 1 ကို ပို့ဆောင်ပေးပြီး Facility Quarantine ပြုလုပ်ပေးထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပခုက္ကူမြို့ Q1 တာဝန်ခံ ကိုကျော်သူရိန်က “တရုတ်နိုင်ငံသားတဦး၊ ပြည်တွင်းက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို တာဝန်ရှိသူတွေ လာရောက်ပို့ဆောင်တဲ့အတွက် Facility Quarantine ပြုလုပ်ပေးထားတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့မှာ ပြည်ပက ပြန်ဝင်လာသူတွေအတွက် Quarantine စင်တာ ၂ ခုထားရှိပြီး ပြည်တော်ပြန် ၆၀ ကျော်လောက်ကို Facility Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013