DVB Logo
Home
မြန်မာသတင်း
ဟင်္သာတမြို့ပေါ်က စေတနာရှင်များ စုပေါင်း၍ COVID 19 ကာကွယ်ရေး ပိုးသတ်ဆေးဖျန်း
DVB
·
April 18, 2020
ဟင်္သာတမြို့ပေါ်က စေတနာရှင်များ စုပေါင်း၍ COVID 19 ကာကွယ်ရေး ပိုးသတ်ဆေးဖျန်း
1 / 3
Donate to DVB

COVID 19 ရောဂါကာကွယ်ရေးအတွက် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာတွေကို မြို့ပေါ်က လူငယ်တွေနဲ့ စေတနာရှင်တွေစုပေါင်းပြီး ပိုးသတ်ဆေး လိုက်လံဖျန်းပေးနေကြပါတယ်။

မြို့ပေါ်ရှိ လူငယ်တွေက ဆေးပုံးတွေနဲ့ဆေးတွေကို စုပေါင်းဝယ်ယူပြီး ဟင်္သာတမြို့နယ်တွင်း ဖျန်းပေးနေတာလို့ COVID-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ ဦးဆောင်သူတွေထဲက တဦးဖြစ်တဲ့ ဦးကြက်က ပြောပါတယ်။

“ကျနော်တို့တွေက ဘယ်သူ့အကူအညီမှမယူဘူး၊ COVID-19 မြန်မာပြည်မှာ စဖြစ်ပြီဆိုကတည်းက လူငယ် ၃၀ လောက်က ကိုယ်ထူကိုယ်ထငွေနဲ့ စုပေါင်းထည့်ဝင်ပြီး ဆေးတွေနဲ့ ဆေးပုံးတွေ ဝယ်တယ်၊ Mask တွေ ဝယ်တယ်လေ။ ပြီးတော့ ကျနော်တို့အဖွဲ့ကို COVID-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ဆို အမည်ပေးထားပြီး ဟင်္သာတမြို့နယ်အတွင်း ဘယ်နေရာမဆို အကူအညီတောင်းတာနဲ့ ဆေးဖျန်းတာတွေနဲ့ Mask ဝေငှနေတာပါ။ ခုဆိုရင် ကျေးရွာရပ်ကွက်ပေါင်း ၂၀ ကျော်အထိ ဆေးဖျန်းတာ၊ Mask ဝေငှတာ လုပ်ဆောင်နိုင်ခဲ့ပါပြီ။”

ဟင်္သာတမြို့ဒေသခံ ဦးကျော်မြင့်က “အစိုးရက မလုပ်နိုင်တဲ့အပိုင်းတွေကို ခုလို ပရဟိတအဖွဲ့တွေ တပိုင်တနိုင် လုပ်ဆောင်တတာကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျန်တဲ့ ပရဟိတအဖွဲ့တွေကလည်း လမ်းမပေါ်တွေကို ဖျန်းပါတယ်။ ခု COVID-19 ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ကတော့ ရပ်ကွက်တွေနဲ့နေအိမ်တွေအထိ လိုက်ဖျန်းနေတာဆိုတော့ ပိုကောင်းပါတယ်” လို့ ပြောပါတယ်။

ဟင်္သာတမြို့က ပျံကျဈေးသည်တွေ ရောင်းချတဲ့နေရာကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ဈေးမဟုတ်တဲ့ အခြားနေရာတွေမှာ သီးခြားနေရာသတ်မှတ်ပြီး ပျံကျဈေးသည်တွေ ရောင်းချဖို့ နေရာ ၅ ခုကို ဧပြီ ၁၈ ရက်နေ့ သတ်မှတ်ပေးမှာလည်း ဖြစ်ပါတယ်။

ဟင်္သာတ ခရိုင်အတွင်းမှာ မြို့နယ်တခုနဲ့ တခုအဝင်အထွက်တွေမှာ Mask တပ်ဖို့နဲ့ လူစုလူဝေးမလုပ်ဖို့ သတိပေးတာနဲ့ပညာပေးတာတွေ လုပ်ဆောင်နေပါတယ်။

ကုန်ကားတွေနဲ့ ခရီးသည်ကားတွေကို ဧပြီ ၁၈ ရက်စတင်ပြီး သွားလာခွင့်ပြုမယ်လို့ သိရပါသည်။

ဧပြီ ၁၈ ရက်နေ့ မနက် ၉ နာရီအထိ တနိုင်ငံလုံးမှာ COVID 19 ရောဂါပိုးတွေ့ရှိသူ ၈၈ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီဖြစ်ပါတယ်။ ဟင်္သာတပြည်သူ့ဆေးရုံမှာတော့ COVID 19 သံသယရှိသူ ၅ ဦးရှိပြီး ဓာတ်ခွဲနမူနာ စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013