DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် အခြားဒေသမှပြန်လာသူများကို Quarantine ထားရှိရန် သတင်းမပေးပါက အရေးယူမည်
DVB
·
April 18, 2020
စစ်ကိုင်းတိုင်းတွင် အခြားဒေသမှပြန်လာသူများကို Quarantine ထားရှိရန် သတင်းမပေးပါက အရေးယူမည်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းမှာ တခြားဒေသက ပြန်လည်ဝင်ရောက်လာသူတွေကို Quarantine ထားရှိရေး သတင်းပေးဖို့ ပျက်ကွက်ပါက အိမ်ရှင်ကနေ ရပ်ကျေးအဆင့်ဆင့်အထိ အရေးယူသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးလက်မှတ်ရေးထိုးကာ ဧပြီ ၁၆ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ခဲ့တာပါ။ 

အမိန့်အစာအရ ရပ်ဝေးက ပြန်လည်ရောက်ရှိလာသူတွေကို သတင်းပေးပို့ဖို့နဲ့ Community Base Facility Quarantine ထားရှိရေး၊ သတင်းပေးရဖို့ ပျက်ကွက်ပါက အိမ်ရှင်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး အဆင့်ဆင့်ကို အရေးယူမယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီတွေအားလုံးကို လိပ်မူကာ ဖြန့်ဝေထားပါတယ်။ 

ဒါ့အပြင် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားနာတာတွေကို လူစုလူဝေးတွေနဲ့ မလုပ်ကြဖို့လည်း ပါရှိပါတယ်။ 

အခုလို လုပ်ဆောင်ရတာက ကလေးမြို့မှာ ကိုဗစ်ရောဂါပိုးရှိတဲ့ လူနာတစ်ဦးကို တွေ့ရှိထားပြီး ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး အလျင်အမြန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ည ၁၀ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကိုလည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး လက်မှတ်ရေးထိုးကာ ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

လတ်တလောမှာလည်း အခြားဒေသတွေက ပြန်လာသူတွေကို ကျေးရွာ၊ မြို့ အဝင်အထွက်တွေမှာ စစ်ဆေးတာတွေ ပြုလုပ်နေကြပြီး ဒေသအလိုက် သီးသန့်စောင့်ကြည့်တာတွေ ပြုလုပ်နေကြပါတယ်။ 

အထူးသဖြင့် တိုင်းအတွင်းကို ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ စနစ်တကျ အဖွဲ့စုံနဲ့ စစ်ဆေးဖို့လည်း တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ဒီကနေ့ ဧပြီ ၁၈ ရက် မနက်၉ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြု လူနာ ၉၄ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013