DVB Logo
Home
မြန်မာသတင်း
ပိုးတွေ့လူနာနှင့်လေယာဉ်စီးခဲ့သူ ၂ ဦးအပါအဝင် မိသားစုကို Facility Quarantine ထား စောင့်ကြည့်
DVB
·
April 18, 2020
ပိုးတွေ့လူနာနှင့်လေယာဉ်စီးခဲ့သူ ၂ ဦးအပါအဝင် မိသားစုကို Facility Quarantine ထား စောင့်ကြည့်
Donate to DVB

လူနာ အမှတ် ၈၂ နဲ့ အတူ လေယာဉ်တစီးတည်း စီးနင်းခဲ့တဲ့ ဖားကန့်က အမျိုးသမီး ၂ ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် ၇ ဦးကို Facility Quarantine နဲ့ စောင့်ကြည့်ထားတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

စောင့်ကြည့် အမျိုးသမီးနှစ်ဦးဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆောင်းချိန်ရပ်ကွက် နေထိုင်သူနဲ့ နမ္မ မြစ်ကျေးရွာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက်က အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနဲ့ ဖားကန့်က ခရီးသည် အမျိုးသမီးနှစ်ဦးဟာ လေယာဉ်တစီးထဲမှာ အတူစီးနင်းခဲ့တာနဲ့ပတ်သက်ပြီး “သူတို့ဟာ Case 82 နဲ့ လေယဉ်တစီးတည်း စီးခဲ့သူဆိုတာ သိရလို့ သူတို့ကို ဒီနေ့ပဲ Facility Quarantine လုပ်ထားလိုက်ပါတယ်။ ဧပြီ ၇ ရက်နေ့က ရန်ကုန်ကနေ လေယာဉ်တစီးတည်း စီးခဲ့တယ် ပြောတယ်” လို့  ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ မင်းလွင်က ပြောပါတယ်။

အဲ့ဒီ အမျိုးသမီးနှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ဖားကန့်မြို့မော်ဝမ်း ရပ်ကွက်က သီတဂူစက္ခုဒါနအခမဲ့ဆေးရုံ သီးသန့်ဆောင်မှာ Facility Quarantine ပြုလုပ်ထားတာပါ။

လူနာ အမှတ် ၈၂ ဟာ ဧပြီ ၆ ရက်နေ့ကမှ ဓာတ်ခွဲခန်းက ရောဂါပိုးရှိကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာမင်းလွင့် “သူတို့က Case82 လူနာနဲ့ လေယဉ်အတူစီးလာပြီး သူတို့အိမ်တွေမှာ ဆယ်ရက်နေပြီးပြီ။ အားလုံး ၂၁ ရက် Quarantine ထားရမယ်ဆိုပေမဲ့ အိမ်မှာ ၁၀ ရက်နေပြီးပြီဖြစ်တဲ့အတွက် ၂၁ ရက် ထားစရာမလိုတော့ဘူး။ ကျနော်တို့က ၁၁ ရက် Facility Quarantine ထား စောင့်ကြည့်သွားမှာပါ” လို့ ပြောပါတယ်။

Facility Quarantine ပြုလုပ်ထားတဲ့ စောင့်ကြည့်ခရီးသည် ၂ ဦးရဲ့ ကျန်းမာရေး ဆေးစစ်ချက်များကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်ပြီး တွေ့ရှိချက် ရလဒ်တွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဆောင်းချိန် ရပ်ကွက်မှ စောင်းကြည့်ပုဂ္ဂိုလ်အမျိုးသမီးအပါအဝင် မိသားစု ၇ ဦးနဲ့ နမ္မဖြစ်ကျေးရွာမှ စောင့်ကြည့်အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူအပါအဝင် စုစုပေါင်း ၉ ဦးကို သီတဂူ စက္ခုဒါန အခမဲ့ဆေးရုံ သီးသန့်ဆောင်မှာ Facility Quarantine ပြုလုပ်ထားပြီလို့ ဖားကန့်မြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။

ဇော်မိုးထက် (ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013