DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းရှိမြို့အားလုံးတွင် Social Distancing စနစ်ဖြင့် ယာယီစျေးများ ဖွင့်လှစ်မည်
DVB
·
April 18, 2020
မကွေးတိုင်းရှိမြို့အားလုံးတွင် Social Distancing စနစ်ဖြင့် ယာယီစျေးများ ဖွင့်လှစ်မည်
1 / 3
Donate to DVB

COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့အားလုံးမှာ Social Distancing စနစ်နဲ့ ကွင်းပြင်ကျယ်တွေမှာ ယာယီစျေးတွေ ဖွင့်လှစ်ပေးနေတယ်လို့ စည်ပင်သာယာရေးဦးစီးဌာနက သိရပါတယ်။

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးထင်အောင်က “မြို့ပေါ်မှာရှိတဲ့ စျေးတွေကို ယာယီပိတ်သိမ်းထားလို့ ကွင်းပြင်ကျယ်ကြီးတွေ ရှာဖွေပြီး တဦးနဲ့ တဦး ကွာခြားကာ လက်ရှိခေတ်စားနေတဲ့ Social distancing စနစ်နဲ့ ယာယီစျေးတွေဖွင့်လှစ်ပေးဖို့ မြို့နယ်အားလုံးကို ညွှန်ကြားထားပါတယ်။ ပြည်သူတွေ စားသောက်ကုန် ဝယ်ယူရတာ အဆင်ပြေအောင်အဓိက စားကုန်တွေဖြစ်တဲ့ သားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို မနက်ပိုင်း မှာရောင်းချခွင့် ပေးသွားမှာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင် စျေးဝင်ဝတွေမှာ လက်ဆေး၊ ကိုယ်ပူတိုင်း၊ Mask တပ်ဆင်ပြီးမှ ရောင်းဝယ်ခွင့်ပေးမှာ ဖြစ်တယ်။ စျေးရောင်းချပြီတာနဲ့ သန့်ရှင်းရေးပြုလုပ်ကာ ဆေးဖျန်းတာတွေ လုပ်ဆောင်ပေးမှာပါ။

တကယ်လို့ Mask မပါခဲ့ရင်လည်း စျေးဝင်ပေါက်မှာ တခုကို ၃၀၀ ကျပ်နှုန်းနဲ့ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကြီးက “မင်းလှမြို့ ဘောလုံးကွင်းမှာ COVID-19 ရောဂါ ကာကွယ်ရေး အစီမံတွေပြုလုပ်ပြီး ယာယီစျေးဖွင့်လှစ်ပေးဖို့ စီစဉ်ထားပါတယ်။ စျေးသည် ၂၀၀ ဦးလောက်စာရင်းပေးထားပြီး ရောင်းဝယ်တဲ့ နေရာတွေမှာလည်း လူစုလူဝေး မဖြစ်အောင် တခုချင်း ဝယ်ယူကြဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က “မကွေးမြို့ပေါ်က စျေး ၃ ခုကို ပိတ်သိမ်းပြီးနောက် အခွန်လွတ်စျေးနဲ့ ရန်ကင်းစျေး နှစ်ခုသာ ဖွင့်လှစ်ပေးထားလို့ လူစုလူဝေး ဖြစ်နေပါတယ်။ အခွန်လွတ်စျေးမှာက ဆိုင်ကယ်နဲ့ စျေးရောင်းတဲ့သူတွေ ဝယ်ယူတာ များပြားတဲ့အတွက် တအိမ်ဝင်တအိမ်ထွက် ရောင်းချတာဖြစ်လို့ ရောဂါဖြစ်လာရင် ထိန်းချုပ်ရ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မကွေးမြို့ မြသလွန်ဘုရားကွင်း၊ ဘောလုံးကွင်းတွေနဲ့ ကွင်းပြင်ကျယ်တွေမှာ Social distancing စနစ်နဲ့ ယာယီစျေးတွေ ဖွင့်လှစ်ပေးသွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စျေးရောင်းစျေးဝယ်တွေ အဆင်ပြေစေဖို့ နှာခေါင်းစည်း Mask ၅၀၀၀၀  ရောင်းချဖို့ ထုတ်ပေးထားကာ မြို့အကြီးအသေးအလိုက် တခုကို ၃၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။



မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013