ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
April 18, 2020

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းထဲမှာ ကိုကိုးကျွန်း မြို့နယ်ကလွဲပြီး မြို့နယ်အလိုက် ဒီကနေ့ ဧပြီ ၁၈ ရက် ည ၁၀ နာရီကန မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ ၈၈ ဦးရှိပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းအတွင်း ဗိုလ်တထောင်၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ အလုံမြို့နယ်၊ စမ်းချောင်း၊ ဗဟန်း၊ မင်္ဂလာဒုံ၊ တာမွေ၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ လှည်းကူး၊ ရွှေပြည်သာ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ တောင်ဒဂုံ စတဲ့ မြို့နယ် ၁၇ မြို့မှာ လူ ၇၀ ကူးစက်ခံထားရပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။
ကိုဗစ်ရောဂါကြောင့် အများပြည်သူတိုရဲ့ ကျန်းမားရေးကို ထိခိုက်လာပြီး အသက်အန္တရာယ်ဆုံးပါးတဲ့အထိ ဖြစ်ပွားလာနိုင်တဲ့အတွက် အခုလို ထုတ်ပြန်တာလို့ ဧပြီ ၁၇ ရက် နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ဧပြီ ၁၈ ရက် မနက် ၉ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြု လူနာ ၉၄ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပါတယ်။