DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် နိုင်ငံခြားသားများအပါအဝင် အကျဉ်းသား  ၃၃၇ ဦး ပြန်လွတ်
DVB
·
April 17, 2020
ဘားအံတွင် နိုင်ငံခြားသားများအပါအဝင် အကျဉ်းသား  ၃၃၇ ဦး ပြန်လွတ်
Donate to DVB

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်နဲ့  ဘဝသစ်စိုက်ပျိုးရေး(လဏ္ခာ)စခန်းတွေကနေ နိုင်ငံခြားသားတွေ အပါအဝင် အကျဉ်းသူ အကျဉ်းသား  ၃၃၇ ဦး ဧပြီ ၁၇ ရက် နေ့လည်ပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများဆုံးဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာနေ  ဦးငွေသိန်းက "အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သမ္မတကြီးကို အရမ်းကျေးဇူးတင်သလို မိသားစုနဲ့ ဆုံဆည်းခွင့်ပေးတဲ့အတွက် အရမ်းဝမ်းသာတယ်" လို့ ပြောပါတယ်။

ဒီနေ့ လွတ်မြောက်လာသူတဦးဖြစ်တဲ့ ဘားအံမြို့နယ်၊ ရဲသာကျေးရွာက  မနန်းမူးတိုင်ဖောင်ကလည်း "လွတ်ငြိမ်းချမ်းသာခွင့်မှာ အခုလို ကံတရားနဲ့ပါလာတဲ့အတွက် အများကြီးဝမ်းသာတယ်။ ကျန်တဲ့လူတွေကိုလည်း အ​​မြန်ဆုံးပြန်လည်လွတ်မြောက်ပါစေ"လို့  ပြောပါတယ်။

ဒီနေ့လွတ်မြောက်လာသူတွေထဲမှာ ဘားအံထောင်က  နိုင်ငံခြားသား ၅ ဦး၊ နိုင်ငံခြားသူ ၂ ဦး ၊အကျဉ်းသား ၁၉၁ ဦး၊ အကျဉ်းသူ ၄၁ ဦးနဲ့ ဘဝသစ်စိုက်ပျိုးရေး(လဏ္ခာ)စခန်းက ၉၈ ဦး ပါဝင် ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013