DVB Logo
Home
မြန်မာသတင်း
ဟင်္သာတထောင်က အကျဉ်းသား ၁၅၃ ဦးလွတ်မြောက်
DVB
·
April 17, 2020
ဟင်္သာတထောင်က အကျဉ်းသား ၁၅၃ ဦးလွတ်မြောက်
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်ကနေ  အကျဉ်းသား ၁၄၁ ဦးနဲ့ အကျဉ်းသူ ၁၂ ဦး စုစုပေါင်း ၁၅၃ ဦး နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။

လွတ်​​မြောက်လာသူအများစုဟာ ဟင်္သာတခရိုင်အတွင်း မြို့နယ်တွေကဖြစ်ပြီး  တခြားဒေသက ပြစ်ဒဏ်ကျခံနေရသူတချို့လည်း ပါဝင်ပါတယ်။

ဒီနေ့ပြန်လွတ်မြောက်လာသူတွေဟာ ထောင်တွင်းမှာ ကောင်းမွန်စွာနေထိုင်ပြီး အကျဉ်းထောင် စည်းကမ်းအတိုင်း လိုက်နာနေထိုင်သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ပြန်လွတ်လာသူတွေကို ခရိုင်အုပ်ချုပ်ရေးမှူးက  ဆုံးမဩဝါဒပြောကြားခဲ့ပြီး COVID-19 ရောဂါနဲ့ ပတ်သက်လို့ ခရိုင်‌ကျန်းမာ‌ရေးဦးစီးမှူး ဒေါ်အေးသန္တာကြည်က ရှင်းလင်းပြောကြားခဲ့ကာ မှုခင်းဆရာဝန် ဒေါက်တာဝင်းသူက ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်လို့ ဟင်္သာတထောင်  အရာရှိတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013