DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ အကျဉ်းသား ၂၈၀၀ ကျော် ပြန်လွတ် (ဓာတ်ပုံ)
DVB
·
April 17, 2020
အင်းစိန်ထောင်မှ အကျဉ်းသား ၂၈၀၀ ကျော် ပြန်လွတ် (ဓာတ်ပုံ)
1 / 10
Donate to DVB

ရန်ကုန်အင်းစိန်ထောင်မှာ အကျဉ်းကျနေသူတွေထဲက  အကျဉ်းသား ၂၈၀၀ ကျော်ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသား ခံစားခွင့်ရရှိသူတွေအား သက်ဆိုင်ရာနယ်မြေတွေကို YBS ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးပြီး ဆန်ငါးပြည်အပါအဝင် အခြေခံစားသောက်ကုန်တွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

ဒီနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ ထောင်တွင်းကျန်ရှိနေသူတွေ အကျိုးခံစားခွင့်ရကြပြီး သေဒဏ်ကျခံရသူတွေကို ထောင်ဒဏ်တသက်ပြစ်ဒဏ်နဲ့ ထောင်ဒဏ် နှစ်‌ ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေက အကျဉ်းသားပေါင်း ၂၄၈၉၆ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

Photo - JPaing / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013