DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူထောင်က ဘင်္ဂါလီ ၆၆ ဦးအပါအဝင် အကျဉ်းသား ၁၇၀ ခန့်ပြန်လွတ်  
DVB
·
April 17, 2020
ကျောက်ဖြူထောင်က ဘင်္ဂါလီ ၆၆ ဦးအပါအဝင် အကျဉ်းသား ၁၇၀ ခန့်ပြန်လွတ်  
1 / 4
Donate to DVB

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ရခိုင်ပြည်နယ်  ကျောက်ဖြူ အကျဉ်းထောင်ကနေ အကျဉ်းသား/အကျဉ်းသူ ၁၆၉ ဦး ဒီနေ့မနက်က ပြန်လည်လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ရခိုင်ပြည်နယ်နဲ့ တခြားအနယ်နယ်အရပ်ရပ်က အကျဉ်းသားတွေအပြင် ဘင်္ဂါလီ ၆၆ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦးတို့ ပါဝင်တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့လွတ်တာ အကုန်လုံး ၁၆၉ ဦး ယောက်ပေါ့။  ရခိုင်ပြည်နယ် မြို့နယ်အစုံပါတာပေါ့။ ဘင်္ဂါလီ အမျိုးသား ၆၅ ယောက်နဲ့ အမျိုးသမီး တစ်ယောက်ပေါ့။ ဘင်္ဂလားဒေ့ရှ်  နိုင်ငံသားတစ်ဦးလည်းပါတယ်။ သူတို့ကို ကစ္စပနဒီသင်္ဘောနဲ့ ဒီနေ့ပို့လိုက်ပါပြီ။ ဘင်္ဂါလီတွေက မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏးကျွန်း၊ မြောက်ဦးစတဲ့မြို့နယ်တွေကပါ”

တခြားမြို့နယ်တွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လွတ်မြောက်လာသူတွေကိုတော့ အစိုးရအစီအစဉ်နဲ့  ပြန်ပို့ဆောင်ပေးခဲ့ပြီး အမ်းမြို့နယ် လဝကက လွှဲပြောင်းထားတဲ့ ဘင်္ဂါလီ ၁၁ ဦးလည်းပါဝင်တယ်လို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း- နောင်နောင် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013